pt-1

294 18 0
                                    

"Serendipity Euphoria" coffee ဆိုင်အတွင်း

Jungkook- hyung ကျတော် အရာအားလုံးနဲ့ ဆန့်ကျင်ပီး hyungတစ်မျက်နှာကိုဘဲ ကြည့်ပီးနေခဲ့တာ hyungသိတယ်မလား  ကျတော့ မိသားစုက မကောင်းဘူးဆိုတာ သိပေမဲ့ တစ်ခါလောက်လေး လျစ်လျူရှုပီး ကျတော့ကိုဘဲ ကြည့်ပေးလို့မရဘူးလား တစ်ခါလောက်ဘဲလေ

Jimin- မင်းမိသားစုက ငါ့ကို ဘယ်လိုတွေ နှိမ်ခဲ့လဲ ငါ့မိသားစုကို ဘယ်လိုပြောခဲ့လဲ မင်းလဲသိတယ်မဟုတ်လား ဂျောင်ကု အက်အချိန်တွေတုန်းက ငါဘယ်လောက်ခံစားခဲ့ရလဲ ငါအသိဆုံး အက်ဒါကြောင့် ငါ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှပြင်ဖို့ စိတ်ကူးမရှိတော့ဘူး

Jungkook- hyung သေချာ စဉ်းစားပါအုံး ကျတော်.... ကျတော်..... hyung မရှိဘဲမနေနိုင်ဘူး ကျေးဇူးပြုပီး ကျွန်တော်ကိုလည်း ငှဲ့ကြည့်ပေးပါအုံး hyungရယ်

Jimin-မင်းအပေါ်ကို ငါ သံယောဇဉ်ဖြတ်ခဲ့တာ ကြာခဲ့ပီ ဒါကြောင့်မင်းလဲ ငါ့ကို မေ့နိုင်အောင်ကြိုးစား

Jungkook- hyung ကျတော့အနားပြန်လာမယ်လို့ ယုံကြည်လို့ မဟုတ်ဘူး ယုံကိုယုံကြည်တာမလို့ hyung သဘောအတိုင်း ကွာရှင်းကြတာပေါ့ ဒါပေမဲ့ ကွာရှင်းပီးရင် ကျွန်တော်တို့ အသစ်ကနေပြန်စကြရအောင် ‌နော် hyung

Jimin- တောင်းပန်ပါတယ် ဂျောင်ကု
ရော့ ငါလက်မှတ်ထိုးပီးပီ မင်းထိုးဖို့ဘဲ ကျန်တော့တယ် ‌

Jungkook မှာ အံ့ဩသွားတဲ့ မျက်လုံးနဲ့Jiminကိုကြည့်ပီး  ရင်နာစွာ ရယ်လိုက်မိတယ်

Jungkook - အဟင်း..... hyung ဘယ်အချိန်ထဲက ကျတော်နဲ့ ကွာရှင်းဖို့  စီစဉ်ထားတာလဲ
အက်လောက်တောင်ဘဲ ကျတော်နဲ့ မနေချင်တော့ဘူးလား

Jimin- ........

Jungkook - အိုကေလေ ခင်များသဘောအတိုင်း ကျတော်တို့ ကွာရှင်းပီး တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ မသိခဲ့တဲ့သူတေလို နေကြတာပေါ့

Jimin- ငါသွားပီ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ဂျောင်ကု ငါ့ထက်သာတဲ့သူနဲ့ အမြန်ဆုံးတွေ့ပီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားပါ

အက်လိုနဲ့ ဂျီမင်နဲ့ဂျောင်ကု တစ်ယောက်ကို တစ်ယောက် ကျောခိုင်းပီး ထွက်လာခဲ့ကြတယ် တစ်ယောက်ချင်းစီရဲ့ မျက်ဝန်းတွေထဲမှာတော့ မျက်ရည်တွေအပြည့်နဲ့ပေါ့

Jimin pov:" အချိန် တစ်ခုအထိဘဲ ငါ့ကို စောင့်ပေးပါ ဂျောင်ကု"
ထိုသို့စိတ်ထဲကနေ ပြောလိုက်ရင်း Taxi ငှားပီး ဟန်မြစ်နံဘေးကို လာခဲ့တယ်

Jimin- ကျတော် ဘယ်ဘဝက မကောင်းတာတွေလုပ်ခဲ့မိလို့ အခုလိုဖြစ်နေရတာလဲ လူတွေကရော မြေနိမ့်ရာ လှံစိုက်ချင်ကြတာလဲ ဘာလို့ ကျတော်မှလဲ အီး.......

ပတ်ဂျီမင်တစ်ယောက် ရင်ထဲက ခံစားချက်တွေကို ဟန်မြစ်နံဘေးမှာ ဖွင့်ချနေခဲ့တယ်

"ကျတော် ဂျောင်ကုကို ချစ်ခဲ့တာ ဘာပကာသနမှမပါခဲ့သလို သူ့ဆီကလည်း ဘာကိုမှ မမျှော်လင့်ခဲ့ဖူးပါဘူး ဒါ ကျွန်တော့ရဲ့ဂျောင်ကုအပေါ်ထားတဲ့ အချစ်နဲ့ တိုင်တည်ပီး ပြောတဲ့ သစ္စာ စကားဘဲ "

အခုမှ စရေးတာမလို့ ဘယ်လိုနေလဲ ရှင်တို့ရဲ့ မန့်လေးတွေ လိုချင်မိတယ်🥺

Yoon🌱

Waiting For You Where stories live. Discover now