pt-3

125 6 0
                                    

ကားပေါ်၌

ဂျောင်ကု အစောနကတွေ့လိုက်တဲ့ မိုချီလုံးလေးကို ရှာဖွေနေမိတယ်

"သူကဘယ်မှာထိုင်တာလဲ" တစ်ယောက်ထဲပြောနေရင်း နောက်ကျောဘက် လှည့်ကြည့်လိုက်တော့ သူ့မိုချီလုံးလေးက ထိုင်ခုံတွေမရှိတော့ဘူးထင်ပါ့ လက်ကိုင်တန်းကို ကိုင်ပီး မတ်တပ်ရပ်နေတယ်

ထိုအချိန် ဂျောင်ကု သူ့အရှေ့က ထိုင်တဲ့ သူတစ်ယောက်ဆင်းသွားတော့ ဂျောင်ကုလဲ သူ့မိုချီလုံးလေးကို ခေါ်လိုက်တယ်
"ဒီက ကလေးလေး ဒီမှာလာထိုင်လို့ရတယ်နော်"တဲ့

ဂျီမင်တစ်ယောက်ကားစီးနေရင်း လူတစ်ယောက်က သူ့ကို ကလေးလေးလို့ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အစောက ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့ တစ်ယောက်
ကလေးလေးလို့ ခေါ်လို့ ဒေါသထွက်ချင်ပေမဲ့ ထိုင်ခုံပေးလို့ ထွက်နေတဲ့ဒေါသကို လျှော့လိုက်သည် ဒီလိုမျိုးကြပ်"တောက်"ကြီးတော့မနေနိုင်ပါ ရေမွှေးနံ့တွေက မွှန်ထွန်နေရော
နောက်ပီး ဂျောင်ကုကိုလည်း ထိုင်ခုံထိုင်ခါနီးမှ ပြန်ခနဲ့လိုက်သည်

"ဟုတ်ကဲ့ပါ ယုန်သွားနဲ့အစ်ကိုကြီး" တဲ့

ဂျောင်ကု သူ့အရှေ့က ပေါက်စလေးကို ကြည့်ပီးအသဲတွေယားနေ၏

ကားပေါ်မှာ ကလေးတွေစားတဲ့ ဂျယ်လီတုံးလေးတွေကို တစ်မြုံ့"နဲ့စားနေတာ နှုတ်ခမ်းကလဲ ထော်နေရော ပါးကလဲ ဖောင်း"လေး ဂျောင်ကု သူ ကြည့်ရင်း ကြည့်ရင် အသဲတွေ အရမ်းယားလာလို့

ထိုပေါက်စလေးကို အာဘွားပေးလိုက်၏

ပတ်ဂျီမင် သူဂျယ်လီစားနေတုန်းတစ်ယောက်ယောက်က သူ့ကိုကြည့်နေသလို ခံစားရလို အပေါ်ကိုမော့ကြည့်လိုက်တဲ့အချိန် ဂျောင်ကုကလဲ အာဘွားပေးမလို့ ငုံ့လိုက်တဲ့အချိန်

"ပြွတ်စ်"

ပတ်ဂျီမင်ရော ဂျွန်ဂျောင်ကုရော ကြောင်နေကြ၏
ထိုအချိန် ကားထဲက တစ်ချို့ကျောင်းသားတွေက ရေး ဆိုပီး လက်ခုပ်တွေထတီးကြမှ အသိပြန်ဝင်လာ၏

Jimin pov:သွားပီ ငါ့ရဲ့ first kissလေးတော့ပါသွားပီ

JK pov:ခနလေးဆိုပေမဲ့ သူ့နှုတ်ခမ်းလေးတွေက ထပ်ခါထပ်ခါ နမ်းချင်အောင် နူးညံ့အိစက်နေရောပဲကွာ

ကားပေါ်က ဆင်းတဲ့အချိန်ထိ တစ်ယောက်နဲ့တစ်ယောက် စကားလဲမပြောဖြစ်ကြသလိုအကြည့်ချင်းတောင်မဆုံတော့ပါ

Waiting For You Where stories live. Discover now