pt-6

117 6 0
                                    

ထိုနေ့က ‌ရည်းစားစကားအပြောခံရပြီး ပတ်ဂျီမင်တစ်ယောက် ကျောင်းမသွားတာ ၂ရက်ရှိခဲ့လေပြီ
ဒီနေ့တော့ မသွားလို့မဖြစ်တော့ ဆရာမလဲ ပြွမ်နေပြီလေ
အဲ့ဒါကြောင့် သူရေမိုးချိုးပြီး မနက်စာကို သူကိုယ်တိုင်ကြော်ထားတဲ့ ကင်ချီထမင်းကြော်ကိုစားပြီး ကျောင်းသွားဖို့ ဘက်စ်ကားဂိတ်ကို လမ်းလျှောက်လာခဲ့၏
စိတ်ထဲတွင်တော့ ဟိုတစ်ယောက်နဲ့မတွေ့ရဖို့ကိုလဲ ဆုတောင်းနေမိသည်
ဘာလို့ဆို သူ့မှာ ပြန်ပေးစရာအဖြေမရှိဘူးလေ ဒီအသက်အရွယ်အထိ ရည်းစားမထားခဲ့ဖူးတော့ ထိုလူကို သူကြိုက်လား မကြိုက်လား သူ့ကိုယ်သူသေချာမသိသေးဘူးလေ
*မဖြစ်သေးပါဘူး ဒီတစ်ခါ အဲ့လူနဲ့တွေ့ရင်တော့ သေချာမေးမှဖြစ်တော့မယ် သူလဲငါ့လိုပဲလာဆိုပြီး မေးရမယ် ဟုတ်တယ် ဟုတ်တယ် *ဆိုပြီး တစ်ယောက်ထဲ ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ လမ်းလျှောက်လာခဲ့၏

At bus stop

မိုချီလုံးလေးက ကျ‌ေတာ်အဖြေတောင်းပြီးတဲ့နေ့ထဲက ကျောင်းလာတာမတွေ့ဘူး အင်းလေ သူလဲအချိန်လိုမှာပေါ့ ဆိုပြီး ကားမှတ်တိုင်မှာ ထိုင်ရင်းတွေးနေ၏
ထိုအချိန်
"ကိုကို"
"ဟာ ညီမလေး ဘယ်သွားမလို့လဲ"
"သားညီမလေးက ဒီနေ့မှ ဘာစိတ်ကူးပေါက်လဲမသိဘူး အိပ်ယာထလာထဲက ကိုကိုနဲ့ ကျောင်းအတူတူသွားမယ် ကိုကို့ဆီလိုက်ပို့ပေးပဲ ပြောနေတာ သားရယ် အိုမားလဲ သားအခုအချိန်ဆို ကားစောင့်နေမှာသိလို့ ခဏခေါ်လာလိုက်တာ "

"ကိုကို့ညီမလေးက ဒီနေ့မှဘာစိတ်ကူးပေါက်လို့ ကိုကိုနဲ့ အရမ်းတွေ့ချင်နေရတာလဲ အိမ်မှာလဲ တွေ့နေရတာပဲလေ"
လို့ ဂျောင်ကုက သူ့ညီမအား ပြောလိုက်သည်

"ကိုကိုကလဲ မီးမီးအိပ်မက်ထဲမှာ ကိုကိုက မီးမီးကိုမချစ်တော့ဘူးလို့ ပြောတာတဲ့ အဲ့ဒါကြောင့် မီးမီးအိပ်မက်ကလန့်နိုးပြီး ကိုကို့ကိုတွေ့ချင်လာတာ"

"ဒီညီမလေးတစ်ယောက်ပဲရှိတာ ကိုကိုကမချစ်ပဲနေမလား ကိုကို့ညီမလေးကိုချစ်လိုက်တာမှ တုန်နေရောပဲ"

ဂျောင်ကု သူ့ညီမလေးနဲ့စကားပြောနေချိန် မျက်စိထောင့်ကနေ လှမ်းတွေ့လိုက်တဲ့ ဖြူလွှလွှပုံရိပ်လေး

ကံတရားကလဲ သူ့ဘက်မှာရှိတယ်လို့တွေးမိသွားတယ် ဘာကြောင့်လဲ ထိုအချိန်ကားလာတာနဲ့ကွက်တိမို့လေ

သူ့မိုချီလုံးလေးက ကားပေါ်တက်ပြီးမှ သူတက်ဖို့ ခြေလှမ်းလှမ်းတဲ့အချိန်
ညီမဖြစ်သူက
ကိုကိုမသွားရဘူး မီးမီးပါလိုရ်မယ် မီးမီးကိုခေါ်ဆိုပြီး အသံပြဲနဲ့ အော်ငို၏
ဂျောင်ကုဘဝက ပါးစပ်ထဲရောက်ခါနီးအသားတုံးက ပြန်ပြုတ်ကျသွားတဲ့အဖြစ်လိုဖြစ်နေပြီ
တစ်ဖက်မှာ ညီမလေး တစ်ဖက်က သူ့ရဲ့ကောင်လေးဖြစ်လာမဲ့သူ
ဝေခွဲရခက်နေတုန်း ကားဆရာမှ ဒီကကျောင်းသား တက်မှာလားမတက်ဘူးလားဟုမေးလာ၏
ထိုအခါ ဂျောင်ကုက
"ကိုကို ကျောင်းသွားရမယ်လေကလေးလေးရဲ့ ပြန်လာမှ ကိုကိုကလေးလေးနဲ့အတူဆော့ပေးမယ်နော် ကိုကိုက ကလေးလေးကိုအများကြီးချစ်တယ်နော်  အာဘွား" ဟု ညီမဖြစ်သူအားပြောပြီး ကားပေါ်တက်သွား၏

ညီမဖြစ်သူကတော့ အနောက်မှာ အော်ငိုရင်းကျန်ခဲ့လေ၏

*****
ကျောင်းရောက်တော့ ဂျီမင်က ဂေျာင်ကုအား ပြောစရာရှိလို့‌ဟုပြောကာ နေရာတစ်ခုကိုခေါ်သွား၏

ဂျောင်ကုကတော့ ဘာများလဲဆိုပြီး ရင်တွေခုန်နေခဲ့သည်

ဂျီမင်: ကျတော်ပြောချင်တာက ကျတော်တို့ကတစ်ယောက်နာမည်တစ်ယောက်တောင်မသိရသေးတဲ့အချိန် ခင်များကျတော့ကို ဖွင့်ပြောတယ်ဆိုတော့ ကျတော့ကိုပေါ့တန်တန်ပဲတွေးနေတာလား ပြီးတော့ ခဏတာရင်ခုန်တာရောမဖြစ်နိုင်ဘူးလား"

ဂျောင်ကု"ကိုယ်မင်းကို တစ်ကယ်ချစ်တယ်ပေါက်စ ကိုယ့်နာမည်မသိရင် ကိုယ်ပြောပြပါ့မယ် ကိုယ့်နာမည်က ဂျွန်ဂျောင်ကု ပါ ကိုယ်မင်းကို ခဏတာရင်ခုန်တာမဟုတါဘူးဆိုတာတော့ အာမခံတယ် ဘာလို့လဲဆို ကိုယ်မင်းနဲ့တွေ့တဲ့အချိန်ခံစားရတဲ့ ခံစားချက်မျိုးကို အခုချိန်ထိ ဘယ်သူ့အပေါ်ကိုမှ မခံစားဖူးလို့ ကိုယ့်ကိုယ်ယုံပါလို့မပြောချင်ပါဘူး ဒါပေမဲ့ ကိုယ့်ကိုယ်စောင့်ကြည့်ပေးပါ ကိုယ်က စောင့်ဆိုင်းရတဲ့အလုပ်မျိုးဆို ဘာတစ်ခုမှမကြိုက်ပေမဲ့ ပေါက်စနဲ့ပက်သတ်တာဆိုရင်တော့ ဘယ်အချိန်ထိဖြစ်ဖြစ်စောင့်နိုင်တယ်"

JM pov: အပြောကတော့ရှယ်ကောင်း တစ်မှတ်ပေးလိုက်ပြီ ဟိဟိ

JM;"အင်း စောင့်ကြည့်မယ် ကျတော့နာမည်ကိုလဲ မှတ်ထား ပတ်ဂျီမင်ပါ
ကျတော် သွားပြီ" ဆိုပြီး ပြေးထွက်သွား၏

ဂျောင်ကုတစ်ယောက် အပျော်ကြီး
‌ေပျာ်နေခဲ့တယ် ဒါ သူ့ကိုခြေလှမ်းတစ်လှမ်းတိုးဖို့အခွင့်အရေး ပေးလိုက်တာမဟုတ်ဘူးလား

သို့သော် ထိုအပျော်တွေက ဘယ်အချိန်အထိ ခံနိုင်မလဲ ဘယ်သူကသိနိုင်မလဲနော်
....

YOON//

You've reached the end of published parts.

⏰ Last updated: Feb 04 ⏰

Add this story to your Library to get notified about new parts!

Waiting For You Where stories live. Discover now