pt-4

89 4 0
                                    

ပတ်ဂျီမင်တစ်ယောက် စာလုပ်နေရင်း ထိုနေ့ကအဖြစ်အပျက်ကိုပြန်တွေးမိနေ၏
*ငါ့ရဲ့ ပထမဆုံးအနမ်းလေးကိုနှမြောလိုက်တာ ငါချစ်တဲ့သူနဲ့ကျမှ ပေးမယ်လုပ်ထားတာ အခုတော့ ဟို ယုန်သွားနဲ့တစ်ယောက်နောက်ပါသွားပြီ*
"အားးးးးးးး..."
ပတ်ဂျီမင် အော်သံကြား၍  ပတ်ဂျီမင် မေမေမှ
" သား ဘာဖြစ်တာလဲ "
ထိုအခါမှ ပတ်ဂျီမင်လဲ သတိပြန်ဝင်လာပြီး
"ဘာမှမဟုတ်ဘူး အိုမား ‌အကြောညှပ်သွားလို့ ဟီးး"
"အော် မင်းနဲ့လည်း  အလန့်တကြားကွယ်"
"ဟီးး ဒါဆို သားစာဆက်လုပ်လိုက်အုံးမယ်နော် အိုမား"
"အင်း အင်း "
ပတ်ဂျီမင်လဲ ဘာမှတွေးမနေတော့ပဲ  စာထဲပဲအာရုဏ်ပြန်စိုက်ထားလိုက်၏

**********

တစ်ဖက်၌

ဂျွန်ဂျောင်ကုတစ်ယောက် ထိုနေ့က မိုချီလုံးလေးလို အိစပ်နေတဲ့ နှုတ်ခမ်းလေးနဲ့ထိတွေပြီးနောက်ပိုင်း သူ့နှုတ်ခမ်းသူ ခဏခဏပြန်ကိုင်နေမိ၏
အတန်းထဲမှာ သူ့ သူငယ်ချင်းတွေကတောင် ဘာဖြစ်တာလဲဆိုပြီး ဝိုင်းမေးကြ၏

သူတို့ကို ပြောပြစရာလား ကျတော့ကလေးလေးကို ကျတော်တစ်ယောက်ပဲ ချစ်မှာမို့ ဘယ်သူ့ကိုမှ ကျတော့ကလေးလေးအကြောင်း မဝေမျှနိုင်ပါဘူး

ဂျွန်ဂျောင်ကုတစ်ယောက် မိုးမြန်မြန်လင်းဖို့သာဆုတောင်းနေမိတယ် မိုးလင်းရင် ဘတ်စ်ကားမှတ်တိုင်မှာ သွားစောင့်စရာလူရှိတယ်လေ ဟဲဟဲ

ထိုညက ဂျွန်ဂျောင်ကုတစ်ယောက် သူ့မိုချီလုံးလေးအကြောင်းတွေးရင်း  အိပ်ပျော်သွားတယ်
အိပ်မက်ထဲမှာ သူ့ရဲ့မိုချီလုံးလေးက သူ့ကို နာနာကျည်းကျည်းနဲ့စိုက်ကြည့်နေခဲ့တယ် နောက်ပြီး သူ့ကိုဘာမှမပြောပဲ ထွက်ပြေးသွားတယ်တဲ့ အိပ်မက်ထဲမှာ သူအရမ်းငိုရလွန်းလို့ ရင်ဘက်တွေတောင် နာတယ်တဲ့
နောက်‌တော့ သူအိပ်မက်ကလန့်နိုးလာလို့ အချိန်ကိုကြည့်လိုက်တော့ ၁:၁၃မိနစ်

"ဟူးးးး..... ဒါက အိပ်မက်ပါ အပြင်မှာတစ်ကယ်မရှိဘူး ဘယ်တော့မှလဲ ဒီလိုရှိလာမှာမဟုတ်ဘူး ရှိခဲ့ရင်တောင် ကိုယ်က မင်းကို မရ ရအောင်ဆွဲထားမှာ ကိုယ့်မိုချီလုံးလေးရေ"လို့ သူ့ပါ့သူပြောပြီး ပြန်အိပ်လိုက်တယ်

"ဟုတ်တယ် ပြန်အိပ်ရမယ် မနက်ကျရင်လဲ စောစောထရမယ် ငါ့မိုချီလေးနဲ့တွေ့ရဖို့"

//ဇာတ်အိမ်က နဲနဲရှည်မယ်ပေါ့ ဘာလို့ဆို စဉ်းစားထားတာတွေက များနေလို့လေ
နောက် ၃/၄ပိုင်းလောက်ကတော့ ချိုနေအုံးမှာ အဓိကနေရာကိုမရောက်သေးလို့ပေါ့  နောက်၃/၄ပိုင်းလောက်ပြီးတာနဲ့  ကိုယ်ရေးချင်တဲ့ အဓိက main pointကိုရောက်မှာပါ အက်‌ေတာ့မှ ဇာတ်အိမ်ကပြောင်းသွားမှာ  ဟဲဟဲ ကြို စပွိုင်းတာပါနော်//

Yoon

Waiting For You Donde viven las historias. Descúbrelo ahora