pt-5

95 3 0
                                    

ဂျောင်ကုတစ်ယောက် ဒီနေ့တော့ အစောကြီးနိုးနေခဲ့တယ် သူရဲ့မိုချီလုံးလေးနဲ့တွေ့ရအုံးမှာလေ

"မိုချီလုံးလေးနဲ့တွေ့ရဖို့ တစ်စက္ကန့်လေးတောင်မစောင့်နိုင်တော့တာမို့ မိုးရယ်မြန်မြန်လင်ူပါတော့ကွာ" ဆိုပြီး ငြီးလိုက်၏

At bus stop

ဂျောင်ကုတစ်ယောက် သူ့အိုမားက လိုက်ပို့မယ်ဆိုတာတောင် မပို့ခိုင်းဘူး သူ့မိုချီလုံးလေးနဲ့ကားအတူစီးချင်လို့‌

"ဒီနေ့မှ ဘာလို့အချိန်တွေကကြာရတာလဲကွာ"

ဆိုပြီး ဂျောင်ကုတစ်ယောက်ထဲ တိုးတိုးလေးပြောနေ၏ လက်ကနာရီကိုလည်း တစ်ကြည့်ကြည့်နဲ့

မကြာပါဘူး သူလှမ်းတွေ့နေရတယ် တစ်လှုပ်လှုပ်နဲ့ လမ်းလျှောက်လာတဲ့ သူ့ရဲ့မိုချီလုံးလေးကို

Jimin's side

"ဟာ ဟိုယုန်သွားနဲ့ အစ်ကိုကြီး သူက ဘာကိုလှမ်းကြည့်နေတာလဲ" ဆိုပြီး ဂျီမင်က အနောက်ကို ပြန်လှည့်ကြည့်၏

"ငါ့နောက်မှာ ဘယ်သူမှလဲမရှိပါဘူး ဒါဖြင့်သူက ငါ့ကိုကြည့်နေတာလား" ဆိုပြီး သူ့ကိုယ်သူပြန်မေးနေ၏

"ဟာ မဖြစ်နိုင်တာ သူကငါ့ကိုဘာလို့ကြည့်မှာလဲ " ဆိုပြီး ပြောနေပြန်၏

ဒီလိုနဲ့ busကားမှန်တိုင်ရောက်လာခဲ့၏

ဂျောင်ကု အဝေးကနေလှမ်းမြင်နေရတာက နှုတ်ခမ်းတစ်ထော်ထော်နဲ့တစ်ယောက်ထဲ ဘာတွေပြောနေမှန်းမသိတဲ့ သူ့ရဲ့မိုချီလုံးလေး သူ့ကိုကြည့်လိုက် တစ်ခြားဘက်ကိုအကြည့်လွှဲသွားလိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေသော သူ့ကလေးလေး ဂျောင်ကုတစ်ယောက် သူ့မိုချီလုံးလေးကိုကြည့်ပြီး ချီပြေးချင်စိတ်တွေက တစ်ဖွားဖွား

အနားရောက်လာတော့
ဂျောင်ကုကစပြီး
"အာညော် ငါတို့တွေကြပြန်ပြီနော်" ဆိုပြီးပြောလိုက်၏

ဂျီမင်စိတ်ထဲတွင်တော့ "မသိချင်ယောင်ဆောင်နေမလို့ပါဆို ဘာလို့အလိုက်ကမ်းဆိုးမသိရတာလဲ " ဆိုပြီး စိတ်ထဲတွင် ပြောဆိုနေ၏

လက်တွေ့တွင်တော့

"ဟုတ်ကဲ့" ဆိုပြီး ပြန်ပြောလိုက်သည်

ဂျောင်ကုက

"ကိုယ်က သွယ်ဝိုက်ပြီးမပြောတတ်လို့ တည့်ပဲပြောမယ် ကိုယ်မင်းကို သဘောကျတယ် ကိုယ့်ကိုယ် ချက်ချင်းကြီး အဖြေပြန်ပေးဖို့မပြောလိုပါဘူး ဒါပေမဲ့ အချိန်တစ်ခုထိပေါ့ အက်အချိန်တစ်ခုကိုမင်းကပြော ကိုယ်က မင်းပြောတဲ့အချိန်ထိ စောင့်ပေးမယ် " ဆိုပြီး ပြောလိုက်၏

ပတ်ဂျီမင်ခမျာ သူ့အရှေ့က လူကိုကြည့်ပြီး ဆွံ့အနေ၏

Jimin pov: "ငါအခု ရီးစားစကားအပြောခံနေရတာလား ငါတို့တွေ့ဖူးတဲ့အကြိမ်အရေအတွက်က လက်တစ်‌ဖက်တောင်မပြည့်သေးဘူးလေ အက်ဒါကို သူက ငါ့ကို ရီးစားစကားပြောနေတာလား တစ်ယောက်နာမည်တစ်ယောက်လဲမသိရပဲနဲ့လေ"

ဂျောင်ကုက သူ့ကိုကြည့်နေပြီး ဘာမှပြန်မပြောနိုင်ဖြစ်‌ေနတဲ့ သူ့အရှေ့က မိုချီလုံးလေးကို

"ဟိတ် ကလေးပေါက်စ ဟိတ် ဒီမယ် " ဆိုပြီး ပခုံးကို ဆွဲကိုင် လှုပ်ခါလိုက်၏

ထိုအခါမှ သတိပြန်ဝင်လာသူက

"ကျ...ကျ...ကျတော် စဉ်း..စဉ်းစားအုံးမယ်" လို့ပြောပြီး သူ့အရှေ့က ထွက်ပြေးသွား၏

A/N
ဂျောင်ကြီးတို့ သွက်ချက်က နာမည်တောင်မသိရပဲ ရီးစားစကားတန်းပြောပြစ်တာနော်😹

Yoon

Waiting For You Where stories live. Discover now