part-8

8K 289 5
                                    

"ရွက်စိမ်း အဲ့အိမ်မှာမနေချင်တော့ဘူး
လေးလေးရယ်"

ကျောင်းမတက်ပဲ သူ့ရုံးထိလိုက်ချလာကာ
မျက်နှာထက္မှာ တော့ အားနာကြောက်ရွံ့မှုကအထင်းသား

"နေပါဦး သမီးရယ် လေးလေးစဉ်းစားပါရစေ"

"ရွက်စိမ်းအနှောက်ယှက်ဖြစ်မှာစိုးလို့ ရုံးထမင်းစားချိန်ကိုရွေးလာတာပါ ဒါကြောင့်မို့ "

"သမီးကို‌တခြားတစ်နေရာမှာ တစ်ယောက်ထဲနေခိုင်းဖို့ဆိုတာကမဖြစ်နိုင်ဘူး!!!'

"ရွက်စိမ်းကိုရိုက်တာရွက်စိမ်းခံနိုင်ပါတယ်
မိဘတွေထိခိုက်ပြောလာတာကတော့ သိပ်အဆင်ပြေမနေဘူး၊ မိဘနဲ့နေခွင့်မရပေမယ့် သူတို့ သိကာ ကိုတော့ လေးစားတယ်"

"လေးလေးနားလည်ပါတယ် စိတ်ချရတဲ့အိမ်လေးကိုတော့ စုံစမ်းပေးမယ် ၊အဲ့မတိုင်ခင်တော့ အိမ်မှာပဲ ခနသည်းခံနေပါကွယ်နော် "‌

လေးလေးပြောတာလည်း သဘာ၀ကျနေသည်မို့ သူမ နာခံဖို့ဆုံးဖြတ်လိုက်သည်။
မာနတရားတွေဘယ်လောက်အောက်ကျကျ
ကိုယ့်ခြေထောက်ပေါ်မရပ်တည်နိုင်သရွေ့
ကျေးဇူးကြွေးတွေ မဆပ်နိုင်သရွေ့ကတော့
သူမဟာလမ်းဘေးခွေးတွေလို ဆက်ဆံခံရမှာပင်

ရင်ထဲကနာကျင်မှုက မျက်ရည်အဖြစ်ပဲ ထုတ်ဖော်ခွင့်ရကြရှာရတာမို့ မိုးသည်းနေတဲ့ ပြန်လမ်းတစ်လျောက္မှာ မျက်ရည်တွေ မိုးထက်ပိုပြီး သည်းခဲ့လေသည်။

...................

"နီလာ ငါလေ အဝေးသင်ပြောင်းရင်ကောင်းမလား"

"ဘာလို့လည်း ရွက်စိမ်းရယ် နင် တတိယနှစ်တောင်ရောက်နေမှကို နှမျောစရာ"

"ငါအဝေးသင်ပြောင်းပြီး အလုပ်လုပ်ချင်တယ်  ပြီးတော့ မိန်းကလေးအဆောင်ငှားပြီးပဲဖြစ်ဖြစ် ရပ်တည်ချင်တယ်"

"အလုပ်က ကျောင်းမပြီးခင် မလွယ်သေးဘူးလေ ရွက်စိမ်းရယ် နင်တတ်တာဘာရှိသေးလို့လည်း"

"ငါမုန့်တွေလုပ်တတ်တယ်လေ"

"ဒါဆို နင်က မုန့်ရောင်းပြီး သူများကျောင်းတက်တာ ထိုင်ကြည့်ချင်လို့လား??"

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now