အပိုင်း(၁၀)

39 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

မနက်ခင်းအချိန်သည်စံအိမ်တစ်ခွင်လုံးရှိပတ်ဝန်းကျင်အနေထားအရအလွန်အေးစက်မာကြောနေသည့်အနေထားတွင်ရှိနေသည်။

အိမ်တော်ကြီး၏ဧည့်ခန်းတွင်မူမိသားစု၏အဓိကဖြစ်သည့်သခင်ကြီးသည်သားဖြစ်သူသုံးယောက်နှင့်ပထမဆုံးအကြိမ်စုံလင်စွာဖြင့်အစည်းအဝေးစတင်ရန်ယနေ့မနက်တွင်အမိန့်ထုတ်ပြန်ထားသဖြင့်သူ၏အမိန့်တိုင်းသခင်လေးသုံးယောက်မှာသတ်မှတ်ချိန်မတိုင်ခင်ဧည့်ခန်းအတွင်းသို့ကိုယ်စီလာရောက်ကာ နေရာတွင်အသင့်ထိုင်နေကြလေသည်။

ညီအကိုများဖြစ်ကြသော်လည်းတွေ့ဆုံနေချိန်၌ပြောစရာစကားများရှိမနေပါပဲအသီးသီးငြိမ်သက်နေကြသည်။

ဧည့်ခန်းထဲတွင်ထူးအက္ခရာသည်ညာဘက်ထိုင်ခုံတွင်ထိုက်လျက်ရှိရာသူ၏နံဘေးအနားတွင်လွေ့အက္ခရာမှရှိနေသည်။သွီအက္ခရာသည်မူတစ်ဖက်ရှိဘယ်ဘက်ထိုင်ခုံတွင်အခန့်သားထိုင်နေလေသည်။

သုံးယောက်သားအကြားညီအကိုဖြစ်သည်ဟုပင်ဆိုမရလောက်အောင်ပင်တစ်ယောက်နှင့်တစ်ယောက်အချင်းချင်းရင်းနှီးမှုရှိမနေပါပဲသူစိမ်းဆန်နေကြသည်။ထူးအက္ခရာသည်သူ၏မျက်နှာထားတင်းမာမှုအားအနည်းငယ်လျော့ချခြင်းပင်မရှိပါပဲခက်ထန်နေကာဝှီးချဲပေါ်တွင်ထိုင်နေပြီးလွေ့အက္ခရာမှာထုံးစံအတိုင်းညှိုးငယ်နေသည့်မျက်နှာထားဖြင့်အကိုကြီးဖြစ်သူဘေးတွင်ထိုင်နေသည်။

သွီအက္ခရာသည်ပုံမှန်ဆိုလျှင်မျက်နှာထားအားပုံမှန်အတိုင်းသာထားကာသခင်လေးဖြစ်သူဟူသည့်ဂုဏ်မရှိပါပဲချိုမြိန်နေတက်သော်လည်းယခုမှာထူးထူးဆန်းဆန်းတင်းမာမှုအပြည့်ရှိနေသည်။သူသည်အကိုကြီးနှင့်အကိုလတ်ဖြစ်သူထံတွင်အကြည့်တို့ရှိမနေပါပဲမြင်ကွင်းထက်တွင်မြင်နေရသည့်ရှေ့တည့်တည့်ကိုသာအကြည့်ပို့ထားလေသည်။

နွေးထွေးမှုအပြည့်ရှိခဲ့ကြသည့်မင်းအက္ခရာနှင့်သွီအက္ခရာ၏ဆက်ဆံရေးသည်အဘယ့်ကြောင့်ထိုမျှထိအေးစက်သွားရသနည်း။

လွန်ခဲ့သည့်၃နှစ်ခန့်တွင်သွီအက္ခရာသည်အသက်၂၀ဝန်းကျင်သာရှိသေးသည့်လူငယ်တစ်ယောက်ဖြစ်သည်။သူသည်ငယ်စဉ်ကတည်းကလွေ့အက္ခရာနှင့်ရင်းနှီးမှုမရှိပါသော်လည်းအကိုရင်းဖြစ်သည့်ထူးအက္ခရာနှင့်အရင်းနှီးဆုံးသောအနေထားတွင်ဆက်ဆံရေးတစ်ခုရှိခဲ့သည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now