အပိုင်း(၁၆)

24 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

အခန်းတစ်ခန်းတွင်လူလေးယောက်သည်မျက်နှာချင်းဆိုင်ထိုင်နေသည်။မည်သည့်ကိစ္စအားအဓိကထားဆွေးနွေးနေသည်ကိုသေချာမသိပါသော်လည်းအခြေနေမှာတင်းမာမှုအပြည့်ရှိနေသည်။

""ဒီနေ့တော့ကျုပ်ဆုံးဖြတ်လိုက်ပြီ ကျုပ်ခင်ဗျားတို့နဲ့စာချုပ်ချုပ်မယ်..""

အသက်၅၀ဝန်းကျင်အရွယ်ရှိသည့်ပြင်သစ်နိုင်ငံသားတစ်ဦးမှမြန်မာဘာသာစကားဖြင့်စတင်စကားဆိုလာခြင်းဖြစ်သည်။သို့သော်သူ၏မြန်မာစကားသည်အသံဝဲနေသည်။ထိုအခါမှသာပတ်ဝန်းကျင်အနေထားမှာတင်းမာမှုအနည်းငယ်ပြေလျော့သွားလေတော့သည်။

""ပူးပေါင်းမှုအတွက်ဝမ်းသာပါတယ်""

""မဟုတ်ဘူး ဒီအတွက်ကျေးဇူးတင်ရမဲ့သူကကျုပ်မဟုတ်ဘူး စာချုပ်ချုပ်ဖို့ရွေးချယ်လိုက်ရတဲ့ကျုပ်ရဲ့အကြောင်းရင်းကAlexဆိုတဲ့သခင်လေးကိုယုံကြည်လို့ သူ့လုပ်ရည်ကိုင်ရည်ကိုစိတ်ချလို့..ဒါကြောင့်မို့လို့ဒီနေ့မှာကျုပ်ကဒီလိုဆုံးဖြတ်ချက်ချနိုင်ခဲ့တာ..ကျုပ်တို့အားလုံးကအရည်ချင်းရှိတဲ့သူဆိုရင်လက်လွတ်ရမှာကိုနှမြောတက်ကြတယ်မဟုတ်လား..ဟားဟား""

""ဟုတ်တာပေါ့ဗျာ..""

ထိုပြင်သစ်လူမျိုးပြောလာသည်အားနောက်ခံလိုက်စကားပြောနေသူမှာမျိုးနွယ်စုအငယ်၏ခေါင်းဆောင်ဖြစ်သူဦးဖွယ်ဖြစ်သည်။

""မင်းနဲ့အတူအလုပ်တွဲလုပ်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ် Alex""

""ထပ်တူပါပဲ Mr.Thous..""

မျက်နှာချင်းဆိုင်ထိုင်နေသည့်လူလေးယောက်အနက်စကားတစ်ခွန်းမဆိုနိုင်ပဲငြိမ်သက်နေသူရှိသည်။ထိုသူမှာအံ့ဖွယ်ခိမ်းပင်တည်း။

စာချုပ်ကိစ္စအလုံးစုံပြီးသွားသည့်အခါMr.Thousဆိုသူမှာပူးပေါင်းမှုအားသဘောကျနေသဖြင့်မင်းသွီအက္ခရာအားထပ်ခါထပ်ခါချီးကျူးပြီးမှသာလျှင်အခန်းထဲမှထွက်သွားလေတော့သည်။

လိုချင်သည့်စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည့်အတွက်များစွာသဘောတကျဖြစ်နေသူမှာမျိုးနွယ်စုအငယ်၏သခင်ဖြစ်သည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now