အပိုင်း(၁၅)

31 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

""မိစူး ဘာလုပ်နေတာလဲ""

""မမ""

""ဘာလုပ်နေတာလဲလို့မေးနေတယ်လေ သခင်လေးအတွက်မနက်စာပြင်ထားတာဘာလို့အထဲကိုမယူသွားပဲအပြင်မှာပဲရပ်နေရတာလဲ""

""မဟုတ်ဘူး မမ..သခင်လေးကအခုထိအခန်းတံခါးမဖွင့်သေးဘူး""

ပုံမှန်ဆိုလျှင်ပွင့်စူးသည်ဖြူသခင်အဖို့မနက်တိုင်းတွင်မနက်စာယူလာပေးလေ့ရှိသည်။

""ဘယ်လိုဖြစ်တာလဲ ပုံမှန်ဆိုသခင်လေးကသူအိပ်ရင်အခန်းတံခါးလော့ခ်မချတက်ပါဘူး..""

""အဲ့တာပြောတာပေါ့မမ..သခင်လေးတစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်""

""လျှောက်မပြောနဲ့ သခင်လေးကဒီစံအိမ်တော်ကြီးထဲဘာဖြစ်နိုင်မှာမို့လို့လဲ ဖယ်..""

ဒေါက် ဒေါက်...

""သခင်လေး အိပ်ယာနိုးပြီးလား..မနက်စာလာပို့တာပါ""

ဒေါက်..

""သခင်လေး""

ပွင့်ဖြူမှအခန်းတံခါးဖွင့်ကာခေါ်ပါသော်လဲအခန်းတွင်းထဲမှပြန်လည်တုံ့ပြန်ခြင်းရှိမနေ။

""ဘယ်လိုလုပ်မလဲ မမ""

ပွင့်စူးသည်ပြင်ဆင်ထားသည့်မနက်စာအားကိုင်ထားရာမှစိတ်ပူသကဲ့သို့ပြောလာသည်။ပွင့်ဖြူမှာမူကြံတွေးနေရသည်။

""ဘာဖြစ်တာလဲဗျ""

အခက်တွေ့နေဟန်ရသည့်ပွင့်ဖြူနှင့်ပွင့်စူးညီအမနှစ်ယောက်အားမြင်သော်စကားဆိုလာသူမှာအလင်းငယ်ဖြစ်သည်။သူသည်မနက်ခင်းအလုပ်များလုပ်ရာတွင်သန့်ရှင်းရေးလုပ်ရန်အဖို့ဖြူသခင်အခန်းရှိရာသို့ရောက်လာခြင်းဖြစ်သည်။

""ရှင့်ကိုတွေ့တာနဲ့အတော်ပဲ..အခန်းတံခါးဖွင့်ဖို့တစ်ချက်လောက် ဘဏ္ဍာမှူးဆီမှာအခန်းသော့သွားတောင်းပေးပါလား""

""ဘာဖြစ်လို့လဲဗျ သခင်လေးတစ်ခုခုဖြစ်လို့လား""

ပွင့်ဖြူဆိုလာသည်ကိုအလင်းငယ်မှစိုးရိမ်ထိတ်လန့်ဟန်ဖြင့်အမေးထုတ်လာသည်။အမှန်ဆိုရလျှင်မည်သည့်ကိစ္စတို့ဖြစ်နေသည်အားလည်းပွင့်ဖြူသေချာနားမလည်သေး။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now