အပိုင်း(၁၄)

24 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ရိုးရှင်းပါသောညနေခင်းဆည်းဆာချိန်၊ဈေးတန်းတွင်အော်ဟစ်ရောင်းဝယ်နေကြသည့်သာမာန်လူတန်းစားများ၏နေ့စဉ်လူနေမှုဘဝ၊ရင်ဖုံးထမိန်လေးနှင့်လှပကျော့ရှင်းစွာဝတ်စားဆင်ယင်ထားသည်အမျိုးသမီး၏လက်ကိုအခြားသောတည်ကြည်ခန့်ညားသည့်အမျိုးသားတစ်ယောက်မှလက်တွဲထားသည့်မြင်ကွင်း၊ဈေးတန်းအတွင်းကြုံရာလှည့်လည်နေထိုင်တက်သည့်ပိုင်ရှင်မဲ့လေလွင့်နေသည့်တိရစ္ဆာန်များ၊ဖြစ်ပျက်သမျှအားလုံးသည်ညနေခင်းဈေးတန်းအတွင်းတွင်ပုံမှန်ဖြစ်နေကျနေ့စဉ်ဘဝဟုပင်သတ်မှတ်၍ရနိုင်လေသည်။

ညနေခင်းဈေးတန်းအတွင်းလူခပ်ပါးပါးလေးသာရှိသဖြင့်အော်ဟစ်ဆူပူနေသံမှာမနက်ခင်းအချိန်ထက်များစွာလျော့ကျသည်။

ဖြူသခင်နှင့်မင်းသွီအက္ခရာသည်အိမ်တော်မှထွက်လာကာဈေးတန်းအတွင်းသို့ရောက်ရှိလာသည့်တိုင်မည်သည်ကိုဦးတည်သွားနေရင်းမည်သည့်အတွက်အပြင်သို့ရောက်လာသည်ကိုပင်မသိတော့သည်အထိနှစ်ယောက်သားမှာနေရခက်ပုံပေါ်သည်။

ဖြူသခင်သည်မိတ်ကပ်ရောင်တီရှပ်အားချည်ထည်ဘောင်းဘီအပွဖြင့်တွဲဖက်ထားပြီးမင်းသွီအက္ခရာမှာမူ လူငယ်ဆန်ဆန်ခဲရောင်ရှပ်အင်္ကျီလက်ရှည်အားတံတောင်နားထိခေါက်တင်ထားကာဂျင်းဘောင်းဘီအနက်ဖြင့်ဝတ်ဆင်ထားသည်။

နှစ်ယောက်သားယှဉ်တွဲလမ်းလျှောက်လာချိန်တွင်ကြည့်ကောင်းသည့်အသွင်သဏ္ဌာန်သာကြီးစိုးနေသည်။

ခဏတာကြာသည်အထိလမ်းလျှောက်လာချိန်တွင်ဖြူသခင်သည်ဘေးပတ်ဝန်းကျင်အားဟိုကြည့်၊သည်ကြည့်နှင့်နောက်ဆုံးတစ်နေရာအရောက်၌ဖြူသခင်၏ခြေလှမ်းများသည်ရပ်တန့်သွားရသည်။အကြောင်းမှာသူသည်ခုံပေါ်တွင်ခင်းကျင်းထားသည့်ပန်းမျိုးစိတ်များအနက်ကြိုက်နှစ်သက်သည့်ပန်းအားတွေ့လိုက်ရသည့်အတွက်ကြောင့်ပင်။

""နှင်းဆီပန်းနီနီရဲရဲလေးတွေ""

ဖြူသခင်သည်နှင်းဆီပန်းနီနီရဲရဲအားလွန်စွာကြိုက်ပါသည်။အမှန်တကယ်ဆိုရလျှင်ဖြူသခင်မဟုတ်၊မြူရာဖြစ်သည်။မြူရာသည်နှင်းဆီပန်းနီနီရဲရဲလေးအားနှစ်သက်သည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now