part -10. (🚨🚨🚨🚨)

20.8K 371 6
                                    

"သမီး ရွက်စိမ်း!!!"

"ရှင် လေးလေး"

"သမီးမှာချစ်ရတဲ့သူရှိနေပြီလား"

သူ့အမေးမှာ ရွက်စိမ်းမျက်နှာလေး ပျက်ကြသွားပြီး မှန်းဆလို့မရတဲ့ ပုံစံတချို့ဖျတ်ပြေးသွားသည်။သို့ပေမယ့် သူမမျက်နှာကို အတတ်နိုင်ဆုံးထိန်းမတ်ရင်း

"အရင်ကရှိခဲ့ပါတယ်"

"အခုကရော"

"ရွက္စိမ်း စာကိုပဲအာရုံစိုက်တော့မှာမို့ လေးလေး စိတ်ပူရတာမ‌ျိုး မလုပ်ပါဘူး ၊ရွက်စိမ်း
ကတိပေးပါတယ်"

"လေးလေးကိုတမျိုးမထင်ပါနဲ့ သမီးရယ်
ပတ်၀န်းကျင်ဆိုတာရှိတော့"

"ပတ်၀န်းကျင်ထက် လေးလေးတို့အမြင်ကို ရွက်စိမ်း ပိုကြောက်ပါတယ် ၊ဒါကြောင့်....."

"အော် ညည်းက ငါတို့ကပဲ မဟုတ်မဟတ် လီဆယ်ပြောတယ်လို့‌ဆိုလိုတာလား"

ဘယ်ထဲကချောင်းနားထောင်နေလည်းမသိ
သူမတို့ပြောဆိုနေတာ သေချာပေါက် မခံနိုင်ဖြစ်ပြီး ထွက်လာသလိုမျိုး

"ရွက်စိမ်း အဲ့လိုသဘောပြောတာမဟုတ်ပါဘူး
ဘယ်သူတွေဘာထင်ထင် ဒီအိမ်မိသားစုနဲ့
အမြင်မကွဲချင်တာကိုပြောပြနေတာပါ အန်တီရယ်"

"အဟွန် း နင့်ကို ငါငယ်ငယ်ထဲက ‌ကျွေးမွေးလာတာရွက်စိမ်း
နင့်စကားက ဘယ်လိုဆိုရင် ဘယ်ထိပေါက်ရောက်လည်း ငါအသိဆုံး!!!!!!""

"အ!!!!!!''

နားရွက်တစ်ဖက်ကို ပြတ်လုမတတ်ဆွဲချလိုက်တာ လူပါကွေးကျသွားရသည်။

"မာလာ!!!!!!""

"ဘာလည်း ကိုသိန်းဝေ အခုလည်း မာလာ့ကိုပဲ အပစ်က ပြောဖို့လား!!!!"

"မင်း ဆုံးမနေတဲ့ပုံစံက!!??'

"တော်လိုက်စမ်း ဒီမယ် ကိုသိန်းဝေ ရှင်ဒီမှာဆက်ရှိနေရင် ကျွန်မဘာဆက်လုပ်မိမလည်း မသိဘူးနော် ကျွန်မဆုံးမနေရင် ၀င်မပါနဲ့
အေး ရွဲ့ချိတ်လွန်းတဲ့ ကျွန်မအကြောင်းသိတယ်မလား"

ဦးသိန်းဝေ မျက်နှာမဲ့ကနဲဖြစ်သွားရပြီး အိမ်ခန်းထဲ၀င်သွားတာကို ကြည့်ပြီး သူမ ငိုချင်သွားရသည်။လေးလေး ဘာတွေသိထားလို့ သူမဘက်ကမရှိတော့တာလည်းဆိုတာ
မစဉ်းစားတတ်တော့ပေ။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now