part 01

19.8K 484 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၁)

မိုးလေး တဖွဲဖွဲကျလာတာမြင်ရတော့ အလုပ်ခန်းထဲမှာ အလုပ်လုပ်နေရင်းကပင် သူ့မှာ ပြုံးလိုက္မိသည်။ခြံထဲက သစ်ပင်အကြီးကြီး တွေက သစ်ရွက်စိမ်းစိမ်းတွေပေါ် မိုးရေစက်တွေကျလာတော့မည်မဟုတ်ပါလား။

အဝေးက လှမ်းကြည့်ရင်ပင် သူ့အိမ်လေးက သိပ်လှတယ်ဆိုတာ လူတိုင်းကပင် ချီးမွမ်းခန်းဖွင့်တတ်ကြသည်။

ခြံစည်းရိုးအပြင်ဘက်မှာ လူသွားလမ်းလေးက ဆိတ်ဆိတ်ငြိမ်ငြိမ်၊လူသွားလမ်းလေး ဘေးတဖက်တချက်စီတိုင်းမှာ ရနံ့မွှေးပြီးအရိပ်ရတဲ့ ပန်းပင်ခပ်ကြီးကြီးမျိုးကို သူစိုက်ပျိုးထားသည်။

ဒီလမ်းကလေးက အေးမြလွန်းလို့ဆိုပြီး
တခါတရံတကူးတက လာလမ်းလျှောက်တတ်ကြတဲ့ သူတွေပင် ရှိတတ်သည်။

ခြံစည်းရိုး ပင်တန်းကလေးတွေပါစိုက်ပျိုးထားပြီး ခြံစည်းရိုးလေးလည်းခတ်ထားသေးသည်။ခြံကတော်တော်လေးပင်ကျယ်ဝန်းလှတာမို့ အပင်ကြီးမျိုးတွေကိုပင် စိုက်ပျိုးထားလို့ရသည်။

နှစ်ထပ်တိုက်ပုံစံဆောက်လုပ်ထားသည့် အိမ်၏ အလယ်တည့်တည့်တွင် လာသာဆောင်ကိုထည့်ထားပြီး ဘေးပတ်ပတ်လည်အခန်းတွေမှာ မှန်တွေကိုသာ ကာရံထားသဖြင့် မိုးများရွာခဲ့သော် အိမ်ထဲမှာမိုးရွာသလို ခံစားရတာလည်း အမှန်ပင်။
သူကလည်း အဲ့ဒီလိုခံစားကြည်နူးရတာကိုနှစ်သက်သည်။သူနှစ်သက်သလို ပုံဖော်တည်ဆောက်ထားတဲ့ သူ့အိမ်လှလှလေးထဲတွင် သူ့အလုပ်ခန်းလှလှလေးလည်းရှိသည်။
အမြဲတမ်း ပြောင်းလဲအလှဆင်ထားသည့်သူ့အိပ်ခန်းလှလှလေးလည်းရှိသည်။
မသိလျှင် ကုန်တိုက်သို့ရောက်နေသလားအောက်မေ့ရလောက်သည့် အဝတ်အစားထားတဲ့အခန်း ၊ဖိနပ်ထားတဲ့အခန်း၊အိတ်ထားတဲ့အခန်း၊အစုံအလင်ရှိသည်။တခါတရံ သူ့အသိုင်းအဝိုင်းထဲက အခင်မင်ဆုံးလူများ နှင့် သောက်ရန် ဘားသေးသေးလေးပင် ရှိသည်။ခြံထဲမှာလည်း ဂေါက်ကွင်းအသေးစားလေးပင် ထည့်သွင်းတည်ဆောက်ထားသည်။ရေကူးကန်၊စာကြည့်တိုက်နှင့် အားကစားခန်းမအသေးစား လေးတွေပါ ထည့်ပြီးဆောက်ထားတာမို့ သူ့ကြွယ်ဝမှုနှင့် သူ ပျော်ပျော်ကြီးနေထိုင်နိုင်သည့် လူတန်းစား ထဲတွင် သူအပါအဝင်ပင်ဖြစ်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now