part 08

3.1K 163 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၈)
သူ့လက်မောင်းသားတွေ ကို ပေါ်လွင်စေတဲ့ အကင်္ျီကိုဝတ်ထားပြီး အိမ်ရဲ့ အလယ်က မှန်လသာဆောင် ခန်းကို ငေးကြည့်နေပေမယ့် ဒီနေ့ က မိုးမရွာပါဘူး။
ကလေးငယ်လေး မဟုတ်တာတောင် အရုပ်တရုပ်ကို ပွေ့ပိုက်လျှက် သူ ့စိတ်ထဲ မတင်မကျ ဖြစ်နေသည်။

တနေကုန် သူ့စိတ်ကအကောင်း သူ့အလုပ်ခန်းထဲမှာ တကုပ်ကုပ်နဲ့ အလုပ်လုပ်နေခဲ့တာ အခုလို ညနေစောင်းတဲ့အထိပါပဲ

အခုဒီအချိန်ရောက်လာတော့ သူအဲလက်ကို ရုတ်တရက်ကြီး ထပြီးလွမ်းလာသည်။အဲလက်နဲ့ စကားတွေပြောချင်လာမိသည်။အဲလက် ဘယ်နေရာမှာ ရှိနေတတ်တယ်ဆိုတာကိုလည်း သူသိသည်။
သို့သော် ဟိုတနေ့ကအဖြစ်အပျက်ကြောင့် သူသွားမတွေ့ရဲပေ။အဲလက်ကို မျက်နှာပူနေမိသည်။

ဒီနေ့နဲ့ဆို သူအဲလက်နဲ့ မတွေ့ရတာ သုံးရက် နီးပါးရှိနေပြီ။ဒီကြားထဲ အဲလက်ကများ စပြီးဆက်သွယ်လေမလား ဆိုတဲ့မျှော်လင့်ချက်နဲ့ သူ့ဖုန်းကို မကြာခဏကြည့်ကြည့်နေမိသည်။

သိပ်မကြာခင်က သူဝေခွဲမရခဲ့တဲ့ ကိစ္စကိုလည်း အခုသေသေချာချာ သိနေပြီ သူအဲလက်ကို ချစ်နေသည်။

အဲလက်က သူ့လိုပင် ဘဝကို ခက်ခက်ခဲခဲကြားက သူဝါသနာပါတဲ့ အကသမားအဖြစ် ရုန်းထနေတဲ့သူ။

သူ ခေါ်တဲ့အချိန်တိုင်း သူ့ကို အချိန်ပေးကာ သူနဲ့အတူ အချိန်ဖြုန်းပေးတတ်တဲ့သူ။

ခြံထဲကတောအုပ်ငယ်လေးကို ပြောင်းငေးလည်း သူအဲလက်ကို လွမ်းတာက လွမ်းတာပဲ။အလှကြည့်ဖို့လူလုပ်ရေတံခွန် လေးကို ပြောင်းငေးလည်း အဲလက်ကို လွမ်းတာက လွမ်းတာပဲ။
အဲ့ဒီကောင်လေးရဲ့ မျက်နှာနုနုလေးကို ငေးကြည့်ချင်သည်။ပြီးရင် စကားတွေပြောချင်သည်။လက်ကလေးကိုဆုပ်ကိုင်ချင်သည်။ပြီးတော့ ဘာမှမဟုတ်ပါဘဲနဲ့ ပွေ့ပိုက်ထားချင်မိသည်။

"လွမ်းလိုက်တာ"

"တခါမှ မတွဲဖူးလို့လား လီယိုရေ"

လို့ သူ့ကိုယ်သူ ပြန်ပြောနေမိသည်။
📞📞📞📞📞

ဖုန်းလာလို့ အဲလက်ဆီကလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုင်လိုက်ပေမယ့်
အက် ဆီကဖုန်းဖြစ်နေသည်။

ပန်းဥယာဉ်လို အချစ်(Complete)Wo Geschichten leben. Entdecke jetzt