part 29

1.5K 69 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၉)
အဲလက်နောက်ကို ခြေတလှမ်းစာတောင် မခွာပဲ ကပ်လိုက်လာခဲ့ပြီး

"Bae ကိုယ့်ဘက်ကို လှည့်ကြည့် ပါအုံး ဘာဖြစ်နေတာလဲကွာ?"

လို့ လေပြေလေးနဲ့ လိုက္မေးတာတောင် သူနှင့်အတင်း ခွာ ခွာပြီး ပြေးသွားမတတ် ခြေလှမ်းတွေနှင့် အခန်းထဲ တန်းဝင်သွားသည့် အဆိုးလေး။
လီယိုလိုက်လာမှန်းသိသိကြီးနှင့် တံခါးကိုလည်း ဝုန်းကနဲ ပိတ်သွားသေးသည်။

သူ့ကို အဆက်ဟောင်းနှင့် သဝန်တိုလို့ ဒီလို ပုံဖြစ်နေတာဆိုတာကို သိနေတာကြောင့် တံခါးကြီး ဝုန်းကနဲ ပိတ်သွားတာတောင် လီယိုက တံခါးအပြင်ကနေ မချိုမချဉ် ပြုံးနေလေသည်။

"ဒေါက် ဒေါက်"

"ကိုယ်ဝင်လာခဲ့မယ်နော် Bae
ကိုယ်အရမ်းပင်ပန်းလာလို့ အိပ်ရာပေါ် ခဏလောက်လှဲ ချင်လို့ပါနော်"

လို့ လီယိုက ခပ်ချွဲချွဲလေသံနှင့် ပြောလိုက်လျှင်.....

"ရည်းစားဟောင်းကို ပြန်ပြီးသတိရနေရင် တံခါးမဖွင့်နဲ့"

လို့ စူပုတ်ပုတ်လေသံနှင့် ပြောလိုက်လျှင်
လီယိုက ပြုံးဖြီးဖြီးကြီးနှင့် တံခါးကို ဖွင့်လိုက်သည်။

"ရည်းစားဟောင်းကို မမမေ့နိုင်သေးရင်
အခန်းထဲ ဝင်မလာနဲ့"

ဒီတခါကျ အဲလက်အသံနှင့်မျက်နှာပေးက ကလေးငယ်တယောက်၏ ညစ်ကျယ်ကျယ်ဂျစ်တိုက်နေတဲ့ ပုံစံလေးမို့ အခန်းတံခါးဝ တွင် ရပ်နေသော လီယိုက အူတယားယားနှင့်ပင် အခန်းထဲသို့ ဝင်ခဲ့လိုက်သည်။

အဲလက်က ကုတင်ပေါ်၌ ထိုင်နေရင်း
သူ့ကို ရပ်ကြည့်နေသည့် လီယိုအား ဂရုမစိုက်ဘူးဆိုသည့် မျက်နှာပေးနှင့် တမင်ဆိုးပြနေသည့် ကလေးငယ်ပမာ

"ရည်းစားဟောင်းနဲ့ ပြန်တွဲချင်တဲ့ သူဆိုရင် ကုတင်ပေါ် တက္မလာနဲ့"

လို့ ပြောလိုက်ရာ လီယိုတယောက် ကုတင်ပေါ်ကို အပြေးတက်သွားလိုက်သည်။

အဲလက်က သူ့ပုံစံကိုကြည့်ကာ တဟားဟားနှင့်ရယ်လျှင် လီယိုက အဲလက် နဖူးလေးကိုနမ်းကာ

ပန်းဥယာဉ်လို အချစ်(Complete)Wo Geschichten leben. Entdecke jetzt