part 44

1.5K 62 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄၄)

အပျော်စီး သဘေင်္ာပေါ်က အဖြစ်အပျက် ဖြစ်ပြီး တဲ့နောက္မှာ အက်ဘယ်ဝါရင်းဟာ သက်သေ အစုံအလင်နှင့်တကွ A.T.H ကုမ္ပဏီ၏ ဒါရိုက်တာချုပ်အား လိင်အမြတ်ထုတ်မှုနှင့်တကွ တခြားသော အမှုတွဲပေါင်းများစွာဖြင့် တရားစွဲပါသည်။

ဖီးလစ်၏ မန်နေဂျာကိုလည်း လဲပေးဖို့ ဖီးလစ်၏ ကုမ္ပဏီကို တောင်းဆိုပြီး။စီးရီး ကိုပြီးဆုံးအောင်ဆက်လက်ရိုက်‌ေပးဖို့၊လွှင့်‌ေပးဖို့ အတွက်လည်း တောင်းဆို လိုက်ပါသေးသည်။

အက်ဘယ်ဝါရင်း၏ ဖခင် ဖြစ်သူအရှိန် အဝါကြောင့် အက်ပြောတဲ့စကားတိုင်းက ပေါက်ရောက်‌ေနတာမို့ ဖီးလစ် တယောက် ကံကောင်းသွားရသည်။

သိပ်မကြာခင်မှာပဲ အက်ဘယ်ဝါရင်းက သူနှင့်ဖီးလစ်တို့မှာ တရားဝင်တွဲခုတ်နေကြပြီဖြစ်ကြောင်း အင်တာဗျူးပေါင်းများစွာမှာ အသိပေးပြောကြားခဲ့ပါသည်။

အဲ့ဒီနောက် မှာတော့ အက်ဘယ်ဝါရင်းက ဖီးလစ်ကို လက်ထပ်ခွင့်တောင်းခဲ့ပြီး ဘုရားကျောင်းမှာ သူ၏ဖခင်ကိုယ်တိုင် အသိအမှတ်ပြုကာ ရင်းနှီးသူတွေလောက်သာ ဖိတ်ပြီး နှစ်ဦးသဘောတူလက်ထပ်ပွဲ ကျင်းပခဲ့ပါသည်။

အနှစ်နှစ်၊အလလက တောင့်တခဲ့ရသော အက်ဘယ်ဝါရင်း၏ စိတ်ကူးယဉ်အိမ်မက္ လေး ပြည့်ဝသွားတာမို့ အက်တယောက် တော်တော်ပျော်ရွှင်နေလေသည်။

..................
ဘုရားကျောင်းမှ အက်နှင့်ဖီးလစ်၏ မင်္ဂလာဧည့်ခံပွဲက အပြန် လမ်းတလျှောက်လုံးတွင် အဲလက်က ပျော်ရွှင်နေလေသည်။ကားပေါ်မှာ သီချင်းတွေပင် ညည်းနေလိုက်သေးသည်။လီယိုက ကားမောင်းနေရင်း အဲလက် ညည်းနေသည့် သီချင်းသံလေးကို စည်းချက်နှင့်အညီ ခေါင်းတညိမ့်ညိမ့် လုပ်ကာ သဘောကျနေမိသည်။

"ကိုယ်တို့လည်း လက်ထပ်ရအောင်နော်
Bae  ဒီကြားထဲမှာ ကိစ္စတွေ အများကြီး ကဖြစ်ပျက်နေတော့ လက်ထပ်ရမယ့် ကိစ္စက နောက်ကို ဆုတ်ဆုတ်သွားနေတာ "

လီယို့စကား ကြောင့် အဲလက်က ခေါင်းညိမ့်ပြပြီး ပျော်ရွှင်နေ‌ပြန်သည်။ခပ်မြူးမြူး သီချင်းလေးတွေပင် ဆိုညည်းနေပြန်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now