part 28

1.7K 75 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၂၈)

ခြံထဲမှာ ထိုင်ပြီး ဟိုတလောလေးကမှ သူစိုက်ထားတဲ့ ခရေပန်းပင်လေးတွေကို မြေဆွလိုက်၊ဘေးနားမှာ ကပ်ပေါက်နေတဲ့ ပေါင်းပင်လို အပင်လေးတွေကို နုတ်လိုက် လုပ်နေရင်းနဲ့ ဈေးဝယ်ထွက်နေတဲ့ အဲလက်ပြန်အလာကို စောင့်မျှော‌်နေမိသည်။

ဒီနေ့ အန်တီပေါ့ စီမံထားတဲ့ ဟင်းပွဲတွေကို မစားချင်ဘူး။ဘာညာ နှင့် မိုးလင်းကတည်းက လီယို့ကို ကပ်ချွဲပြီး သူကိုယ်တိုင် စိတ်ကြိုက်ဈေးဝယ်ထွက်ပြီး
သူကိုယ်တိုင် ချက်ကျွေးမယ် သူနှင့်အတူစားပါ ဟုလည်း သူ့ဘက်ပါအောင်မဲဆွယ်ထားသေးသည်။

ထို့ကြောင့် သူ့မှာ မိုးလင်းလို့ မနက်စာစားပြီးကတည်းက နေ့လည်စာကို သူတို့နှစ်ယောက်အတွက် ထည့်ပြီးမစီမံထားရန် အန်တီပေါ့ကို ပြောထားရသည်။

အန်တီပေါ့ သည်အိမ်ရောက်စ ကတည်းက ခုချိန်ထိ တလျှောက်လုံး လီယိုဟာ အန်တီပေါ့၏ ဟင်းချက်လက်ရာကို အကြိုက်ဆုံးဖြစ်ခဲ့သည်။

လာလျှောက်တဲ့ လူတွေအများကြီးကြားထဲ အန်တီပေါ့ကိုသာ ရွေးချယ်ပြီး မီးဖိုဆောင်နှင့် အိမ်တော်တခုလုံးကို စီမံရန် အခွင့်ပေးထားသည်အထိ တော်သည့် အမျိုးသမီးလည်းဖြစ်သည်။

အကြောင်းရှိလို့ခရီးသွားတာ၊အပြင်မှာစားတာကလွဲလျှင် အမြဲအန်တီပေါ့ ဘာဟင်းပွဲတွေပဲ စီမံထားပါစေ လီယိုက မြိန်မြိန်ကြီး စားတတ်သူပါ။

ဒါပေမယ့် အခုလိုပြောတော့လည်း
အန်တီပေါ့က ပြုံးပြုံး ပြုံးပြုံးနှင့် အကိုလေးတို့နှစ်ယောက် အတူတကွ ချက်ပြုတ်စားသောက်တာမျိုးကို သူမလည်း တကယ် သဘောကျဟန် ရှိပါသည်။စိတ်ချမ်းသာ သည့် မျက်နှာအမူအရာကို မြင်ရသည်ကိုး။

ဒီလိုဆိုတော့လည်း တော်ပါသေးသည်ဟု လီယို့ စိတ်ထဲ တွေးမိသေးသည်။
ခုတော့ တယောက်တည်း အလုပ်လည်းအားနေချိန်၊စာလည်းမဖတ်ချင်၊ရုပ်ရှင်လည်း မကြည့်ချင်၊အိပ်ရာထဲလည်း လှဲမနေချင်တာကြောင့် ခြံထဲမှာပဲ သစ်ပင်တွေကို ဂရုစိုက်နေလိုက်သည်။

အမှန်ကတော့ သစ်ပင်တွေကို ဂကုစိုက်မည့်သူက သတ်သတ်ရှိပြီးသားဖြစ်သည်။သို့ပေမယ့် ရံဖန်ရံခါတော့လည်း လီယိုက အခုလို သူ့သစ်ပင်တွေကို လာကြည့်ကာ ဂရုစိုက်ပေးတတ်သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now