part 04

4.5K 220 0
                                    

ပန်းဥယျာဉ်လို အချစ်
အပိုင်း(၄)
ဒီနေ့ မနက်ခင်း မှာတော့ သူ့စိတ်ကြည်ကြည်သာသာလေးနှင့် နိုးထလာသည်။
ကိုယ့်ဘက်ကတော့ အရာရာကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားမည်။
ဖြစ်လာသမျှကို လက်ခံရန်သာ စိတ်ကိုပြင်ဆင်ထားမိသည်။
ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အိပ်ရာမှ ကုန်းရုန်းထမိသည်။
မှန်ပြတင်းမှတဆင့် စိမ်းစိုနေတဲ့ သူ့ခြံထဲက တောအုပ်ငယ်လေးကိုကြည့်ကာ သူပြုံးနေမိသည်။ထုံးစံအတိုင်းပင် ငှက်ကလေးတွေ၏ တီတီတာတာ အသံ၊သစ်ရွက်လေးတွေကို လေးတိုးသည့်အသံ တွေကိုပါကြားရသည်။
စိတ်ကြည်ကြည်သာသာ ရှိတဲ့အချိန်တွေမှာ ပတ်ဝန်းကျင်တခုလုံးက သာသာယာယာ ရှိလွန်းလှသည်။
"ညောင်"
ဇီယမ်လေးကို ထွေးပွေ့လိုက်ပြီး ရင်ခွင်ထဲထည့်ကာ ပွတ်သပ်နေမိသည်။
📞📞📞📞📞
"ဟယ်လို ဆိုင်မွန် ပြော"
"အကိုလေး လီယို ဒီနေ့ ည သတင်းထောက်တွေနဲ့ တွေ့ရပါမယ်"
သူသက်ပြင်း ရှည်ရှည်ချလိုက္မိသည်။ဖြစ်နိုင်ရင် လက္မခံချင် စကားတွေအများကြီးလည်းမပြောချင်၊လူတွေအများကြီးနဲ့လည်းမတွေ့ချင်၊ဖီးလစ်ကိုလည်း မကောင်းတဲ့လူ တ ‌ေယာက်လိုမပြောချင်။တံတွေးမျိုချရင်း

"ဆိုင်မွန် မင်း  ငါ့ကိုတောင် မတိုင်ပင်တော့ပဲနဲ့ လုပ်ချလိုက်တာလား"

"အကိုလေးကို တိုင်ပင်နေရင် ဘယ်တော့မှ အဖြေရလာမှာ မဟုတ်ဘူး......
ကျတော်အကြံပေးတဲ့အတိုင်းသာ လုပ်ဖို့ကြိုးစားပါ အကိုလေး........... ပွဲကအရမ်းနီးနေပြီ........ဟယ်လို ဟယ်လို အကိုလေး လီယို ကြားရဲ့လား ......ဟယ်လို... ဟယ်လို"

သူ့ရဲ့မနက်ခင်း အကြည်ဓာတ်လေး ပျောက်သွားရတာကတကြောင်း၊ဆိုင်မွန် စီမံတဲ့ အကြောင်းအရာက သူမလုပ်ချင်တဲ့ အကြောင်းအရာ ဖြစ်နေတာက တကြောင်း အန်တီပေါ့တို့၊ဆိုင်မွန်တို့အပေါ်ကိုဆိုလျှင် သူအဲ့လို အမြဲတမ်းပင် ဆိုးနွဲ့တတ်သည်။

ပြန်မပြောနားမထောင် လူဆိုတာ သူ့လိုလူမျိုးပင်ဖြစ်သည်။အခုလည်း ဖုန်းကို ပိတ်လည်းမပိတ်ဘဲ၊နား လည်း မထောင်ဘဲ အောက်ချထားပြီး ဇီယမ်နဲ့ဆော့ကစားနေသည်။

တဖက်က ဆိုင်မွန်အဖို့မှာတော့ သူ့ သူဌေး လူဆိုးလေးက အမြဲတမ်းလိုလို ထင်သလို လုပ်နေတတ်တာမို့
အန်တီပေါ့ကိုသာ ဖုန်းဆက်ပြီး
ညနေဘက်တွင် သတင်းထောက်တွေနဲ့ တွေ့ဖို့ စီစဉ်ခိုင်းထားလိုက်လေတော့သည်။

ပန်းဥယာဉ်လို အချစ်(Complete)Where stories live. Discover now