Episode 3

1.6K 173 6
                                    

'ဗျာ Yuri ဆုံးပြီ ဘာလို့လဲ ...ဗျာ ကားတိုက်တာ ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် အခုချက်ချင်းလာခဲပါမယ် '

သူ omma ကို ပြောတော့ omma ဆောင် လန့်သွားသည်။

'omma ဒါပြီးပြီးချင်း Yuri omma တို့ဆီ အရင်သွားလိုက်ပါ ကျွန်တော် Yuri accident ဖြစ်တဲ့နေရာ သွားပြီး ကြည့်စီစဉ်လိုက်ဦးမယ်နော် omma သွားပြီနော် '

'အေး သား ဖြည်းဖြည်းသွားနော် '

Yeol ကားပေါ်တက်ပြီး ထွက်ခဲ့ပါသည်။

ဟုတ်ပါတယ် Yuri ဆိုတာ သူနဲ့  စေ့စပ်ထားတဲ့ကောင်မလေးပါ    မိဘသဘောတူတာပါ

ခုတော့ Yuri ဆုံးပြီတဲ့ ဘာတွေ ဖြစ်ကုန်တာလဲ

သူ Yuri accident ဖြစ်တဲ့ နေရာကို ရောက်တော့ သူမကို အဖြူစနဲ့ အုပ်ထားသည်။

သူလဲ စိတ်မကောင်းစွာနဲ့ အဖြူစကို ဖယ်ကြည့်လိုက်တော့ သူ လန့်သွားသည်။

မျက်လုံးက တစ်ခုခုကို မြင်လို့ လန့်သွားသည့်ပုံစံနဲ့ မျက်လုံးကြီး ပြူးနေသည်။

ဒါကို မြင်တော့ သူတောင် လန့်သွားသည်။

ဘယ်လိုအဖြစ်မျိုးတွေ ကြုံရလို့ ဒီလောက် လန့်နေတာလဲ Yuri ရယ်

ချစ်သူ မဟုတ်ပေမဲ့ သူငယ်ချင်း တစ်ယောက်အနေနဲ့တော့ ဝမ်းနည်းမိတာ အမှန်

ဒီလိုနဲ့ Yuri အလောင်းကို အိမ်ကို သယ် ပြင်စရာ ရှိတာတွေ ပြင်ပေးသည်။

ဈာပနက 3ရက် ပြီးတော့ သူ အိမ်ကို ပြန်ခဲ့သည်။

အိမ်ရောက်တော့

'သားရေ သားလဲ ပင်ပန်းနေပြီ သွားနားလိုက်တော့ '

'nae omma '

သူ အိမ်ပေါ်တက်ခဲ့ပြီးတော့ ရေမိုးချိုးကာ အိပ်လိုက်သည်။

'ဒေါက် ဒေါက် ဒေါက် '

တံခါးခေါက်သံ ကြားတော့မှ သူ နိုးလာသည်။

ဖွင့်လိုက်တော့ omma ဖြစ်နေသည်။

'Omma waeyo '

'သားထတော့ အိပ်တာကြာနေုပြီ ခုကို ညနေစောင်းနေပြီ '

'ဟုတ်လား ကျွန်တော် အိပ်တာ အဲ့လောက် ကြာသွားတာလား '

သူ အိပ်တာ နေ့လည် 12 နာရီကတည်းက ခု ညနေ 5:30 နေပြီ အိပ်တာ တော်တော် ကြာသွားတာပဲ

This love comes from cursingWhere stories live. Discover now