Episode 12

986 114 2
                                    

Yeol တစ်ယောက် ခုတလော အလုပ်တွေမအားလို့ အိမ်တောင် သိပ်မကပ်ဖြစ်ဘူးလေ ဟိုဘက်အိမ်ဆို မသွားဖြစ်တာ ကြာပြီပေါ့

Yeol ဒီနေ့ မနက်က အလုပ်သွားပြီး နေ့လည်ကျ အလုပ်တွေ ပြီးသွားလို့ ပြန်လာပြီး အေးအေးဆေးဆေး လသာဆောင်မှာ စာဖတ်နေတုန်း ဟိုဘက်အိမ်ကို လှမ်းကြည့်မိသည်

ခြံထဲမှာ Soo နဲ့ ကောင်လေးတစ်ယောက် Soo ကို အဲ့လိုကောင်လေးတစ်ယောက်နဲ့ တွဲမြင်လိုက်တော့ ရင်ထဲမှာ ဆစ်ခနဲ

Soo ခြံထဲ ဆင်းခဲ့သည် Soo ခြံထဲက စကားပင်အောက်မှာ ထိုင်နေတုန်း Minho ရောက်လာသည်

Soo.ချက်ချင်း ထရပ်လိုက်သည်

'ထိုင်ပါ ကျွန်တော် မထိုင်ပါဘူး '

ခုံလေးက နှစ်ယောက်ထိုင်ဖို့ မလောက်ဘူးလေ ထိုင်လိုက်ရင် ကျပ်သွားမှာမို့ Soo ရပ်လိုက်တာပါ

'ရပါတယ် Minho sshi လဲ ထိုင်ပါ '

အားနာနာနဲ့ ပြောလိုက်သည်

Soo.က ထိုင်လိုက်ပေမဲ့ သူက မထိုင်ပဲ မတ်တတ်ရပ်ပြီး Soo ကို ကြည့်နေသည်

'Soo ကို ကိုယ်ပြောစရာ ရှိတယ် '

'nae !!!!'

Soo အံ့သြသွားပေမဲ့ ပြန်ထိန်းလိုက်ပြီး

'nae ပြောပါ minho shi '

'ကိုယ် Soo ကို ချစ်တယ် '

'nae !!!!'

Soo မျက်လုံးပြူးနေပြီလေ ခုမှတွေ့တာ တစ်ပတ်လောက်ပဲ ရှိသေးတယ်

'တွေ့ခဲ့တဲ့ အချိန်ကို မတွက်ပါနဲ့ ကိုယ် Soo ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့တယ် ပြးတော့ Soo ကိုတွေ့လေ Soo ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ မြင်ပြီး ချစ်တယ် '

Soo မျက်နှာ ဘယ်နားတောင် သွားထားရမလဲ မသိ

soo ရှေ့ တည့်တည့်ကြီး soo အကြောင်း ပြောနေတာလေ

'ဟို minho sshi '

'ရပါတယ် ကိုယ် ချက်ချင်းကြီး မတောင်းပါဘူး ဖြည်းဖြည်းပေါ့ '

'ဒါဆို Soo သွားတော့မယ်နော် '

Soo ထရပ်လိုက်တော့ ဘာရယ်မဟုတ် ဟိုဘက်အိမ်ပေါကို မျက်လုံးက ရောက်သွားသည်

This love comes from cursingWhere stories live. Discover now