Episode 8

1.1K 142 7
                                    

Soo ဒီနေ့တော့ ကျောက်ပြားလေးကို သေချာထုတ်ကြည့်ပြီး သူ့သူငယ်ချင်းဆီ ဖုန်းဆက်လိုက်သည်

'ဟဲလို Krystal လား '

'အေး ဟုတ်တယ် ဘယ်သူလဲ '

'ငါလေ Soo '

'အေး Soo ပြောလေ '

'ငါ နင်ကို အရင်တစ်ခါက ပြောထားတဲ့ဟာလေ အဲ့ဒါလေး လုပ်ချင်လို့ '

'အင်း နင်လာခဲ့မှာလား ငါလာခဲ့ရမလား '

'နင်လာခဲ့လေ ငါပါ လိုက်ခဲ့မယ် '

'အေး အေး ဒါဆို နေ့လည်ကျ လာခဲ့မယ် ထမင်းတော့ ကျွေးရမယ် မိန်းမ '

'အေးပါဟယ် ကျွေးပါ့မယ် လာသာလာစမ်းပါ ကမရယ် '

'အေး အေး ဒါဆို ဒါပဲနော် bye '

'bye '

Soo ဖုန်းချလိုက်သည် သူမလဲ ရေမိုးချိုးပြီး အောက်ဆင်းခဲ့ပြီး Krystal ကို ကျွေးဖို့ omma ကို ကူလုပ်ပေးနေသည်

နေ့လည်လဲ ရောက်တော့ Krystal ရောက်လာသည်

ရောက်လာလာချင်း Soo နဲ့ စကားပြောပြီး ထမင်းစားကြသည်

ထမင်းစားပြီးတော့ သူမတို့နှစ်ယောက် omma ကို ပြောပြီး ထွက်ခဲ့ကြသည်

ဟိုရောက်တော့ Krystal က ajishi တစ်ယောက်နဲ့ မိတ်ဆက်ပေးသည်

'Soo ဒီ ajishi ပဲ ပန်းချီဆွဲတာ အရမ်းတော်တာ '

'အင်း Ajishi ဒီလေးကို ပုံတူဆွဲပေးလို့ရမလား '

Soo အိတ်ထဲကနေ ကျောက်ပြားလေးကို ထိုajishi ရှေ့ ချပေးလိုက်ပြီး ပြောလိုက်သည်

ထိုajishi က ကျောက်ပြားလေးကို ကိုင်ကြည့်လိုက်ရင်း

'အင်း ရပါတယ် ajishi ဆွဲလို့ရပါတယ် '

'nae ajishi ဘယ်နေ့လောက်ရနိုင်မလဲ '

'အင်း နှစ်ရက်လောက်တော့ ကြာမယ် သမီးရေ '

'nae ajishi ဒီပစ္စည်းလေးက Soo တန်ဖိုးထားရတဲ့ ပစ္စည်းလေးမို့ မပျောက်မပျက်အောင် ထိန်းသိမ်းပေးပါနော် '

'စိတ်ချပါကွယ် '

'nae ajishi ဒါဆို Soo တို့ကို ခ်ွင့်ပြုပါဦး '

'အေး အေး '

Soo တို့ ထိုajishi ဆီကနေ ထွက်ခဲ့သည် Krystal လိုက်ပို့ပြီး Soo လဲ အိမ်ပြန်ခဲ့သည်

This love comes from cursingWhere stories live. Discover now