Episode 4

1.3K 153 2
                                    

မနေ့က Omma ကို ပြောထားတယ်လေ Soo ကို စောစောနှိုးပေးပါလို့

Omma က စောစောလာနှိုးသည်။Soo လဲ ရေမိုးချိုးပြီး ယူစရာ ရှိတာတွေ ယူကာ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။

တကယ်တော့ Soo တို့အရင်အိမ်နဲ့ခုအိမ်နဲ့က သွားရင် နေ့ချင်းပြန်သွားလို့ရတယ်လေ

အဲ့ဒါကြောင့် ခုလဲ နေ့ချင်းပြန်သွားမှာပါ ဟို Park Chanyeol ဆိုတဲ့ လူကြီး ခုထိ မလာသေးဘူးလား ကြာလိုက်တာ

'တီးတောင် တီး တောင် '

ဟော ပြောရင်း ဆိုရင်း အသက်ရှင်ဦးမယ်

Soo လဲ ယူစရာ ရှိတာတွေ ယူပြီး Omma ကို ပြောပြီး အိမ်ရှေ့ကို ထွက်ခဲ့သည်။

အိမ်ရှေ့ရောက်တော့ ကိုယ်တော်ချောက ကားပေါ်တောင် ရောက်နေပြီ

Soo လဲ ကားနောက်ခန်းကို ယူလာတဲ့ ခြင်းကို ထည့်လိုက်ပြီး Soo နောက်ခန်းက တက်လိုက်သည်။

   'ဒီမှာ အမိ အရှေ့က တက် ကိုယ် မင်း Driver မဟုတ်ဘူး '

'ဘယ်မှာထိုင်ထိုင် ခရီးက သွားရမှာပဲ မဟုတ်လား '

'မရဘူး မင်း အရှေ့မှာ လာထိုင်မှ စထွက်မယ်'

Soo လဲ ကပ်သီးကပ်သပ် ဖြစ်နေတဲ့ အဲ့ Chanyeol ဆိုတဲ့ လူကြီးကို မျက်စောင်းထိုးလိုက်ပြီး နောက်ခန်းက ဆင်းကာ အရှေ့ကို ပြောင်းထိုင်လိုက်သည်။

Chanyeol ကတော့ Soo မျက်စောင်းလေးကို ရလိုက်တော့ ရင်ထဲက ဒိန်းခနဲ

'ကဲ သွားလို့ရပြီလား Park Chanyeol sshi '

Chanyeol ပြုံးလိုက်ပြီး ကားလေးက စတင်ပြီး ထွက်လေသည်။

လမ်းကျတော့လဲ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်

Soo ကလဲ  အပြင်ကိုပဲ ငေးကြည့်နေသည်။

rest place ရောက်တော့ Yeol Soo ကို ခေါ်မလို့ ကြည့်လိုက်တော့ Soo က အိပ်ပျော်နေသည်။

Yeol Soo ကို ကြည့်နေသည်။တော်တော်ကြာနေပြီ

Yeol ကြည့်နေတုန်း Soo မျက်ခွံ့ လေးတွေ လှုပ်လာသည်။

Yeol မျက်နှာလွဲလိုက်သည်။

'ဟင် ရောက်နေပြီလား Soo အိပ်ပျော်သွားတာ '

This love comes from cursingOù les histoires vivent. Découvrez maintenant