This love come from cursing

4.8K 242 2
                                    

Episode {1}

'သားရေ ဟိုဘက်ခြံမှာ လူသစ်တွေ ပြောင်းလာပြီတဲ့ မနက်ဖြန်လုပ်မယ့် ဆွမ်းကပ်ကို သွားဖိတ်လိုက်ပါဦးကွယ် '

'nae omma သွားဖိတ်လိုက်မယ် '

သူပြောပြီးထွက်ခဲ့သည်။ဟိုဘက်ခြံရှေ့ရောက်တော့ ခြံထဲကို ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ထိုင်နေသည်။သူအော်ခေါ်လိုက်သည်။သို့သော် မကြား။ဒါနဲ့ သူလဲ အနားမှာရှိတဲ့ ခဲနဲ့ပေါက်လိုက်တော့ သူမကို ထိသွားပြီး ရန်လိုတဲ့မျက်နှာလေးနဲ့ လှည့်ကြည့်သည်။ပြီးတော့ ဘာလဲ ဆိုတဲ့သဘောနဲ့ မေးဆတ်ပြသည်။သူလဲ ခဏလောက်ဆိုပြီး လက်ယက်ခေါ်လိုက်သည်။အနားရောက်လာတော့ ကောင်မလေးကို ကြည့်လိုက်တော့ တော်တော်လှတာအမှန်။လှတာထက် ချစ်စရာကောင်းတာဆို ပိုမှန်မယ်။မျက်နှာလေးက ဝင်းနေပြီး အသည်းပုံနှုတ်ခမ်းလေးက ရဲနေသည်။ဝတ်ထာတဲ့ အကျီင်္ အစိမ်းနုရောင်လေးက သူမ အသားရောင် မဲ့ ဟပ်နေသည်။သူ ကောင်မလေး အလှမှာ နစ်မြောနေတုန်း

'ဒီမှာ လူကို ခေါ်ပြီး ဘာလဲ '

Chanyeol လဲ အဲ့တော့မှ သတိဝင်ပြီး

'မနက်ဖြန် ဆွမ်းကပ်အတွက် ကြွခဲ့ပါဦးလို့ omma က ဖိတ်ခိုင်းလို့ လာဖိတ်တာ မင်း အမေတို့ကို ပြောပေးပါ'

'ဒါပဲလား'

'ဟုတ်တယ်'

သူမဟိုဘက်လှည့်သွားတော့ သူလှမ်းအော်လိုက်သေးသည်။

'မင်း omma ကို သေချာပြောပေးနော် '

သူမကလည်း သမင်လှည်ပြန် လှည့်ကြည့်ပြီး ခေါင်းလေးငုံ့ပြသွားသည်။ပြောပေးမယ်ဆိုတဲ့သဘော။

သူပြောပြီး အိမ်ပြန်ခဲ့သည်။သူစိတ်ထဲတွင် 'ဒီကောင်မလေး ဘာလို့ မျက်နှာက စူပုတ်ပုတ်ဖြစ်နေတာလဲ ချစ်စရာကောင်းရဲ့သားနဲ့ ဒါပေမဲ့ ဘာလို့ သူနဲ့ တွေ့တဲ့ အချိန်မှာ ငါ ရင်းနှီးတယ်လို့ ခံစားနေရတာလဲ သူ့ကို ဖြင့် ငါ တစ်ခါမှ မတွေ့ဖူးပဲ နဲ့ ဟာ yeol မင်း အခုမှတွေ့တဲ့ ကောင်မလေးကို တော်ပြီ တော်ပြီ မတွေးနဲ့တော့ 'သူ အိမ်ထဲ ဝင်ခဲ့သည်။

~~~~~~~~~°°°°°°°°°°°°°°°°~~~~~~~~~~

သူမအိမ်ထဲဝင်သွားတော့

'Soo ရေ ခုနက ကောင်လေးက သမီး chingu လား'

'Anniyo omma ဟိုဘက်ခြံက မနက်ဖြန်ဆွမ်းကပ်ကို လာခဲ့ပါဦးတဲ့ လာဖိတ်တာ '

'aww အေးအေး သွားရမှာပေါ့ ဒါနဲ့ သမီး ရယ် မျက်နှာကို အဲ့လိုကြီး မထားပါနဲ့ ဒါက သူဖြစ်ချိန်တန်လို့ ဖြစ်တာပါ ကိုယ့်ကြောင့်လို့ ထင်မနေနဲ့ စိတ်ထဲ မထားနဲ့ ရှေ့နေကောင်းငှားပြီးပြီ ကောင်လေးကတော်တော် တော်တယ်ပြောတယ် ပြေလည်သွားမှာပါ ကိုယ် မလုပ်တာလဲ ပေါ်လာမှာပါ ရှေ့နေနဲ့ သန်ဘက်ခါသွားတွေ့ရမှာ '

'သမီး မလိုက်ချင်ဘူး omma omma ပဲ သွားတွေ့လိုက်တော့နော် '

'အေး ဒါဆိုလဲ omma ပဲ သွားတွေ့ပါမယ် ဒါပေမဲ့ သူက တွေ့ချင်တဲ့အခါ မေးချင်တာ ရှိတဲ့အခါတော့ သမီကိုယ်တိုက်တွေ့ရမှာ စိတ်ကြည်ကြည်လင်လင်ထား မျက်နှာလေးလဲ စူပုတ်မနေနဲ့ omma သမီးက ရယ်နေမှလှတာ Heart shape lips လေးလေ ဟုတ်ပြီလား '

သူမ omma စိတ်ပေါ့သွားအောင် ရယ်ပြလိုက်ပြီး

'nae omma ဒါဆို သမီး အပေါ်တက်တော့မယ် မနက်ဖြန် ဟိုဘက်ကို သွားလိုက်ဦးနော် omma '

သူမ omma ကို ပြောပြီး အပေါ်တက်ခဲ့ပါသည်။အခန်းထဲရောက်တော့ အိပ်ရာပေါ်လဲလိုက်ပြီး သူမမတွေးပဲ အဲ့ ကိစ္စ ကြီးပဲ ခေါင်းထဲပေါ်လာသည်။အဲ့ နေ့ကို သူမ မေ့မရပါ။သူ့အိမ်မှာ ဖြစ်ခဲ့ပေမဲ့ သူမ အပြစ်မကင်းသလို ခံစားရသည်။သူ လှေခါးပေါ်က ပြုတ်ကျတာဟာ သူမတွန်းလို့ပြုတ်ကျတာ ဟု ထင်ပြီး သုမကို သူ့မိဘတွေ တရားစွဲခဲ့သည်။သန်ဘက်ခါ omma ရှေ့နေနဲ့ သွားတွေ့မှာပဲ မတွေးနဲ့တော့ Soo နင် ရူးသွားလိမ့်မယ် အိပ်တော့။ သူမ အိပ်ပျော်အောင်ပဲ အိပ်လိုက်တော့သည်။

TBC

ဒီfic က FB ပေါ်မှာ တင်ပြီးသားပါ အခု wattpad ပေါ်မှာ ပြန်တင်တာပါ

Please vote for me and thanks for your reading

This love comes from cursingМесто, где живут истории. Откройте их для себя