Curse
Soo တစ်ယောက် ဟိုနေ့က ကိစ္စဖြစ်သွားပြီးကတည်းက အသည်းအသန်ဖျားကာ နှစ်ရက်လောက် အိပ်ရာပေါကနေ မထနိုင်ပဲ ဖြစ်ခဲ့သည်
ခုတော့ ကောင်းသွားပြီ ဒါပေမဲ့ ဆရာဝန်က နားနားနေနေ နေပါဆိုလို့ ခြံထဲတောင် မဆင်းရဘူးလေ
စိတ်ကျန်းမာရေး အတွက်လဲ ကောင်းအောင် အိမ်ထဲမှာပဲ အနားယူပါတဲ့
ခုဆို သူမ အိမ်ထဲက မထွက်တာ လေးရက် ရှိသွားပြီ သူနဲ့ မတွေ့တာလဲ လေးရက် ရှိပြီပေါ့
အဲ့နေ့က အကြောင်း တွေးလိုက်တော့ Soo မျက်နှာလေး စတော်ဘယ်ရီသီးလေးလို ရဲတက်လာသည်
အဲ့နေ့က .......
Yeol နဲ့ Soo အနမ်းတွေ နယ်ကျွံရင်းနဲ့ သတိပြန်ဝင်လာတော့ Soo ရုန်းလိုက်သည်
'ရှင် ရှင် '
'ဟုတ်တယ် ကိုယ် Soo ကို ....'
Yeol စကားတောင် မဆုံးသေး Soo ဖြတ်ပြောလိုက်သည်
'ဟင့်အင်း ရှင် မပြောနဲ့ ရှင် အခွင့်အရေးယူတာ ရှင် မရုန်းနိုင်တဲ့ မိန်းကလေး တစ်ယောက်ကို အခွင့်အရေးယူတာ အခွင့်အရေးယူတာလို့ပဲ ပြောပေးပါ မဟုတ်ရင် မဟုတ်ရင် ....'
Soo ပြောနေရင်း ငိုချလိုက်သည်
Yeol လဲ Soo မျက်ရည်တွေ ကို သုတ်ပေးပြီး
'ဟုတ်ပါတယ် ကိုယ် အခွင့်အရေးယူလိုက်တာပါ အဲ့လောက် မငိုပါနဲ့ တိတ်ပါတော့ '
yeol soo ပါးပြင်ပေါက မျက်ရည်တွေ သုတ်ပေးရင်း မနိုင်တော့ သူ့ရင်ခွင်ထဲ ဖက်ထားလိုက်သည်
'Soo ကို ချစ်မိရင် ရှင် တစ်ခုခု ဖြစ်မှာ စိုးတယ် '
သူ့ရင်ခွင်ထဲက ပြောလိုက်တဲ့ Soo .....
သူ နားလည်လိုက်ပါပြီ သူတို့နှစ်ယောက် ဖွင့်မပြောပဲ တစ်ယောက်ရဲ့ ရင်ထဲကို တစ်ယောက် မြင်နိုင်ပြီလေ
![](https://img.wattpad.com/cover/31744148-288-k554225.jpg)