2

180 20 0
                                    

အချိန်ကား ည ၁၁ နာရီ။

ပတ်ဝန်းကျင်ကတော့လမ်းမီးအလင်းရောင်နှင့် အိမ်၏ ဝရန်တာအလင်း မှုန်ပျပျပဲရှိချေသည်။ အိမ်ရှေ့မှာ သူခဏ လောက် ရပ်နေရင်းအိမ်ကိုစိုက်ကြည့်နေမိသည်။ ခြံလို့ပြောရလောက်အောင် မကျယ်ပေမဲ့ ဝန်းကလေးနဲ့ သပ်သပ်ရပ်ရပ် ရှိသော လှပသည့် နှစ်ထပ်တိုက်အိမ်ကလေးသည် သူအိပ်စက်အနားယူရာ နေရာလေး ဖြစ်သည်။ ငေးကြည့်ပြီး ခဏကြာမှ လက်ထဲတွင် ရှိသော သော့ကလေးဖြင့် တံခါးကိုလှည့်ဖွင့် လိုက်ကာ စကိတ် ကိုတော့ တံခါးဝ နားတွင် အသာထားခဲ့ရင်း သူအထဲကို ဖြည်းညင်းစွာ လျှောက်ဝင်လာ ခဲ့သည်။

'အိမ်' ဆိုသည့်အရာ၏အဓိပ္ပာယ်နှင့်ပတ်သက်၍ ထင်မြင် ယူဆချက် အမျိုးမျိုးရှိကြမည်ဖြစ်၏။ Oh Sehun ကတော့ သူ့အိမ် ကို ညအိပ်ရာနေရာ အဖြစ်ကလွဲ၍ မည်သို့မျှ သဘောမထား ပါ။ အိမ် ထို့အပြင် မိသားစု။ ထို နှစ်ခုနှင့် ပတ်သက်သော မျှော်လင့်ချက်တို့ကို လက်လျှော့ခဲ့သည်မှာသူ မူလတန်းအရွယ် ကပင်ဖြစ်သည်။

အိမ်မှလွဲ၍နေရာတိုင်းသည် သူ့ကိုပျော်ရွှင်မှု ပေးနိုင်ကြသည် သာဖြစ်၏။ သူ၏တစ်နေ့တာကို ညအိပ်ချိန်မှ လွဲ၍ အိမ် မဟုတ် သော နေရာများတွင်သာကုန်ဆုံးတတ်သည့် Sehun အတွက် အဓိကသွားစရာနေရာများက Game ဆိုင်၊ ကျောင်းစာကြည့်တိုက်၊ သူငယ်ချင်းအိမ်နှင့် ပန်းခြံတို့ဖြစ်သည်။

မနက်မိုးလင်းသည်နှင့် လွယ်အိတ်လွယ်၊ စကိတ်စီး Headphone တပ်၍ အိမ်မှထွက်သွားသော Oh Sehun သည် ယခုကဲ့သို့ ညဉ့်နက်လောက်မှ ပြန်လာလေ့ရှိပေသည်။ သို့သော် သူ့ကို စောင့်နေမည့်သူ၊ ဆူပူမည့်သူ သို့မဟုတ် စစ်ဆေး မည့်သူ ဟူ၍မရှိပါ။ မှောင်မည်းတိတ်ဆိတ်နေသော အိမ်၏ ထမင်း စားခန်း နှင့် ဧည့်ခန်း ကိုတစ်ချက် ကြည့်ရင်း သူခပ်မဲ့မဲ့ ပြုံးလိုက် သည်။

'မင်းဘာမျှော်လင့်နေတာလဲ Oh Sehun'

သူ့ကိုယ်သူသတိပေးရင်းအပေါ်ထပ်ရှိ သူ၏ အိပ်ခန်းကလေးကိုသာ ဖြည်းဖြည်းချင်းတက်လာခဲ့လိုက်သည်။ ည အိပ် ချိန်မှလွဲ၍ တစ်နေကုန်ခွဲခွာနေရသော သူ၏ အိပ်ခန်းကလေးသည် မွေ့ရာ ကလေးနှင့် Game ခွေတချို့၊ အဝတ် ဗီရိုတစ်ခုနှင့် မီးခံသေတ္တာ ကလေးတစ်လုံး၊ စာရေးစားပွဲခုံတစ်ခု အပြင် ဘာမျှ မရှိချေ။ အိတ်ကို အိပ်ရာပေါ် ပစ်တင်လိုက်ရင်း အဝတ်အစား လဲဝတ်လိုက် ပြီး သူစာရေးစားပွဲရှေ့ ခဏ ထိုင်လိုက် သည်။ စာရေး စားပွဲမှာက စာအုပ်တွေ မသပ်မရပ် စီထားသည်။ စားပွဲအောက်မှာ တော့ သေတ္တာတစ်လုံး ရှိသည်။ သူထိုသေတ္တာကို မ ယူလိုက် ရင်း သော့ဖွင့်လိုက်သောအခါ အရွယ်တူစာအုပ် တော်တော်များများ ထွက်လာသည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now