Sehun's Diary - B

38 6 0
                                    

အရာရာဟာ ခက်ခဲနေတော့တာပဲ။ ကျွန်တော်ထင်ခဲ့တာက သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ သူ့ကျောင်း ကလူတွေကို ရင်ဆိုင်ဖြေရှင်းပြီးရင် ကျွန်တော်တို့ ဘဝကြီး သာယာပျော်ရွှင်ရတော့မှာပဲ ဆိုပြီး။ ဟဟဟ ဘယ်လောက်များ ရူးနှမ်းလိုက်သလဲ။ သွေးစက်လက်နဲ့ နာနာကျင်ကျင်၊ ဒါပေမဲ့ ကျေကျေနပ်နပ်နဲ့ သူ့ကိုတွေ့ဖို့ လေးလွှာပြတင်းပေါက်ကို ရအောင်တက်သွားရတာ သိပ်လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော့်အတွက် အဲဒီလို လုပ်ရတာက သူ့ယုံကြည်မှုအတွက် ဖြစ်သလို ကျွန်တော့် ယုံကြည်မှုပါဖြစ်လာတယ်။ ဒါပေမဲ့လေ... သူ က တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေတယ်။ ပြီးတော့ သူ ငိုနေတယ်...။

သူ့မျက်ရည်တွေကို ကျွန်တော် လက်တွေ့ရင်ဆိုင်ရတာ တော်တော်ခက်တယ်။ ပြီးတော့ သူ့ ရည်းစားဟောင်း ကြောင့်ဆိုတာက ပိုခံရခက်တယ်။ ကျွန်တော် အသည်းခိုက်အောင်နာသွားသလိုပဲ။ ကျွန်တော့်ထက် လူကောင်ပို ထွားပြီး ပို သန်မာတဲ့သူတွေနဲ့ ထိပ်တိုက် ရန်ဖြစ်ခဲ့တာတောင် ကျွန်တော် ဒီလောက် မနာခဲ့ဘူး။

သူ ကျွန်တော့်ကို မြင်တော့ ထိတ်လန့်ပြီး ဖုန်းကို ပစ်ချပစ်လိုက်တာပဲ။ ခံရခက်ပေမဲ့ သူ ကြောက်နေတာကိုပဲ ကျွန်တော် ကျေနပ်မိတယ်။ သူ အရမ်းထိတ်ပျာနေတာတွေ့တော့လည်း စိတ်ထဲတော့ မကောင်းပါဘူး။ ဒါပေမဲ့ ဒီလောက်တော့ သူလည်း နာကျင်သင့်သားပဲ။ ကျွန်တော့်ကို ဆေးထည့်ပေးရင်း အနားမှာ အရိပ်တကြည့်ကြည့် ရှိနေတဲ့ သူ့မျက်နှာမှာ ပူပန်ရိပ်တွေ အပြည့်။

လူဆိုးလေး တဲ့။ ပုံမှန်အချိန်တွေဆိုရင်တော့ သူအဲဒီလို ခေါ်တာက ဘာအရေးလဲ။ နှစ်ယောက်ကြားမှာ ကလူ ကျီစယ်တယ်ပေါ့။ ဒါပေမဲ့ သုံးနှစ်လောက် ဝေးနေတဲ့ ရည်းစားဟောင်းနဲ့ ဖုန်းပြောပြီး ငိုထားတဲ့ သူ့ဆီက ကျွန်တော် ကြားချင်တဲ့ စကားက အဲ့ဒါမဟုတ်ဘူး။ အနည်းဆုံးတော့ဗျာ.. ကျွန်တော့် ဖြစ်တည်မှုကို နည်းနည်းက လေးမှ တစ်ပြားသားမှ ပွန်းပဲ့မခံနိုင်အောင်ပဲ။ ကျွန်တော် အဲဒီအချိန်တွေမှာ Jun Myeon Hyung ကိုလွမ်းလာ တော့တာပဲ။ အင်း ထားပါတော့။ အဲ့ဒါနဲ့ပဲ ကျွန်တော် ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို မပြောခဲ့တော့ဘူး။

Colors of the Wind [EXO Fanfiction]Where stories live. Discover now