32 - Final

342 12 0
                                    

Love needs time to get proved. Could you please have faith in me? I'll promise to you

- Promises by Luhan

--------------------------------------------------------------------------------

အခန်းလေးထဲမှာ သူတို့နှစ်ယောက်ရဲ့အသက်ရှူသံပြင်းပြင်းမှလွဲ၍ အရာရာကတိတ်ဆိတ်ငြိမ်သက်နေသည်။ ရုတ်တရက်သူ့မှာ ဘာမှပြန်ချေပစရာစကားရှာမတွေ့သောကြောင့် Sehun မျက်နှာ ကိုသာ ငေးမောကြည့်နေမိသည်။ လက်ထပ်ဖို့ မည်သည့်အခါ ကမှမစဉ်းစားခဲ့ဖူးသည့် လူတစ်ယောက်ကို ဒီလောက် လှပ သည့် မျှော်လင့်ချက်တွေ ပေးနိုင်ရက်ခဲ့သည့် မျက်နှာချောချောကိုပေါ့။

"ဘာဖြစ်လို့လဲဆိုတာတော့ သိခွင့်ရှိတယ်မလား"

"လက်ထပ်ဖို့ဆိုတာ လူနှစ်ယောက်ထဲနဲ့မပြီးဘူး လို့ကျွန်တော်ပြောပြီး..."

Luhan သည်သည်းမခံနိုင်တော့သည့်အဆုံး

"ငါတို့နှစ်ယောက်အတူတူရှိကြမယ့်အရေးမှာ ငါတို့ထက်ဘာက အရေးကြီးနေသေးတာလဲ!! ဟင်ပြောစမ်း Sehun။ ငါမင်းနဲ့အတူရှိချင်တယ်ဆိုတာနဲ့တင်မလုံလောက်ဘူးလား။"

"ခင်ဗျားသိပါတယ်Hyung။ အဲဒီလိုနေလို့မရဘူးဆိုတာ ခင်ဗျား မိဘ အသိုင်းအဝိုင်း"

"ငါတစ်ယောက်ထဲရပ်တည်နိုင်တယ်။ ကျောင်းတက်ခဲ့ကထဲက ငါမိဘ အရိပ် အောက် ကထွက်လာပြီးသား။ အခု Studio က ငါသီချင်းရေးလို့ရတဲ့အမြတ်ငွေနဲ့ပဲတည်ထားတာ။ Hun ငါ့ကို ကြည့်စမ်းပါ အဲ့ဒါတွေက အရေးမကြီးတာမို့ ငါ့ကိုပဲ ကြည့် စမ်းပါလို့!!"

ကိုယ်ဟု အမြဲသုံးခဲ့သည့်သူသည်ဝေးကွာရမည်ကိုကြောက်သောကြောင့် တုန်လှုပ်စွာဖြင့် စကားတွေပင်ထစ်အကုန်သည်။

"အရေးကြီးတာပေါ့ Hyung ခင်ဗျား မိသားစုနဲ့ကင်းကွာလို့မရဘူးလေ ပြီးတော့ အကြောင်း တရားတွေကို ခင်ဗျားလည်းနားလည်မှာပါ"

ရင်ထဲက နာကျင်မှုသည်ပေါက်ထွက်လုမတတ်ပြင်းထန်လာ သည်။ Sehun အလေးအနက် ပြောနေတာသိလေ သူ ပိုပြီးနာကျင်လေ။ ထိုင်ခုံမှာထိုင်ချလိုက်မိရင်း သူမဲ့လိုက်မိသည်။

"သြော်ငါတောင်ရွေးချယ်ခွင့်မရှိခဲ့တဲ့ အရာတွေအတွက်မင်းက ငါ့ ကို ငြင်းနေတာပေါ့ ဟုတ်လား။ အင်း မင်းဘေးမှာ လူတွေအသင့်ရှိနေတယ်ဆိုတာ ငါမေ့သွားတယ်"

Colors of the Wind [EXO Fanfiction]Where stories live. Discover now