22

45 7 1
                                    

"တို့မပြောခဲ့ဘူးဆိုတာက JunMyeon နဲ့ မင်းကိုတိုက်ရိုက် ဖြေရှင်း စေချင်လို့ပါ။ Jun ဘယ်လိုဖြစ်စေချင်လဲ တို့မသိခဲ့ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုတော့ရှိတယ် Hun သူမင်းကို အရမ်းဂရုစိုက်ခဲ့ တာ"

JongIn သည် တတိယအကြိမ်အဖြစ် ဒီနေရာမှာရှိမနေသင့် ကြောင်း ကိုယ့်ကိုယ်ကိုယ်ပြန်တွေးနေမိသည်။ JunMyeon Hyung၊ Sehun နဲ့ Sori ဆိုသော အမျိုးသမီးတို့ကြားက ကိစ္စရပ်တွေကို ငုတ်တုတ် ထိုင်နားထောင်နေဖို့ဆိုတာ ဖြစ်သင့် ရဲ့လား။ သို့သော် Oh Sehun ကသူ့ဘေးမှာနေရန် တောင်းဆိုထား သည်။ အစ်မ ကိုမိတ်ဆက်ပေးပုံကပင်

"JongIn ကကျွန်တော့်သူငယ်ချင်း။ သူကျွန်တော့်အကြောင်း အကုန်သိပါတယ်။ သူ့ရှေ့မှာပြောလို့ရပါတယ်"

အစ်မ ရဲ့အကဲခတ်ကြည့်သည့် မျက်ဝန်းတွေရှေ့မှာသူ မနေနိုင် မထိုင်နိုင်ဖြစ်ခဲ့ရသေးသည်။ Oh Sehunကို သူတကယ်ကော သိခဲ့ ပါရဲ့လား။ မသိမသာငဲ့စောင်းကြည့်တော့ Oh Sehun ကခေါင်းငိုက် စိုက်ချရင်း အစ်မ ပြောစကားတို့ကို တိတ်ဆိတ်စွာ နားထောင်နေသည်။ *နာကျင်ရှာမှာပဲ*

"မင်းသူ့ကိုဘာတွေပြောခဲ့လဲဟင်"

"သူ ကျွန်တော့်ကို လိမ်ခဲ့တာ။ ပြီးတော့ သူ ကိုကို့ကိုပဲ ချစ်နေတာ လို့.. မသိဘူးဗျာ ကျွန်တော်သူ့ကို.. မုန်းတယ်လို့ပြောလိုက်မိတယ်"

Sehun ကစကားသံတွေတိမ်ဝင်သွားသည်။ သူ Sehun ပုခုံးလေးကို ဘေးမှဆုပ်ကိုင်ပေးလိုက်ပါသည်။ *မွန်းကြပ်နေရှာမှာ*

"Suho လောကကြီးထဲကထွက်သွားတာကို JunMyeon ကြောင့်လို့ မင်းထင်နေတာလား ဟင်"

Sehun ကိုကိုနဲ့JunMyeon Hyung။ ဘာတွေဖြစ်ကုန်ပြီလဲ။

"မင်းအထင်လွဲနေပြီ။ Suho ကိစ္စကို မင်းဘယ်သူ့ဆီက ထပ်ကြား ခဲ့လဲမသိပေမဲ့ Jun ဘယ်လိုခံစားခဲ့ရလဲ မင်းသိရဲ့လား။ သူ့ တစ်ယောက်ထဲကိုပဲခင်တွယ်အားကိုးပြီး အားငယ်တတ်တဲ့ Suho ကိုJun က အမြဲ ဘယ်လိုကာကွယ်ပေးခဲ့ရလဲကောသိရဲ့လား။ Suho သေဆုံးသွားတာ Jun Myeon နဲ့မဆိုင်ဘူး Hun"

Sehun လက်ကလေးတွေ တဆတ်ဆတ်တုန်နေတာကို သူမြင်နေ ရသည်။

"Suho နဲ့သူ့ကို တခြားကျောင်းသားတွေ ဘယ်လိုပဲပြောပြော သူ Suho နားမှာအမြဲရှိနေပေးခဲ့တယ်။ သူအမြဲဂရုစိုက်ပေးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါကို Suhoက ဝန်ထုပ်ဝန်ပိုးတစ်ခုလို ထင်လာခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင် JunMyeon ဘေးကနေထွက်သွားဖို့ ဆုံးဖြတ် ခဲ့တာ"

Colors of the Wind [EXO Fanfiction]Where stories live. Discover now