18

54 8 1
                                    

ပင်လယ်ရှိရာဖက်ကို Luhan မျက်နှာချင်းဆိုင်ရပ်နေမိသည်။ မျက်စိတစ်ဆုံးဆီက ပင်လယ်မှာ လိမ္မော်ရောင် သန်းတဲ့ နေလုံးနီနီ ကြီးဟာ အလှဆုံးအဖြစ် တောက်ပနေ၏။ သူ အောက်ကိုတစ်ချက်ငုံ့ကြည့်မိပြန်သည်။ ရေလှိုင်းပုတ်သံက သူ့ကိုဆွဲခေါ်နေသယောင်ယောင်။ ထို့ပြင် လေက အတင်း တိုက် နေသည်။

La La Land ရုပ်ရှင်ထဲကသူကြိုက်မိတဲ့ သီချင်းအကြောင်း တွေးမိသွားသောအခါ ဖုန်းထဲမှသီချင်းဖွင့်လိုက် မိသည်။ The Fools who dream ဆိုသည့်သီချင်း။ လေတိုးသံနှင့် ပင်လယ်သံကြားမှ -

My aunt used to live in Paris. I remember, she used to come home and she would tell us these stories about being abroad.

And I remember, she told us that she jumped into the river once. Barefoot.

She smiled

Leapt without looking and tumbled into the Seine

The water was freezing. She spent a month sneezing but said she would do it again

မင်းသမီး Emma Stone ရဲ့အက်ကွဲကွဲအသံဟာ စာသားနဲ့ လိုက်ဖက်လွန်းနေတာပဲ။ အေးစက်နေခဲ့တဲ့ ဆောင်းရာသီမှာ စိန့်မြစ် ထဲကို ခုန်ချခဲ့တဲ့အမျိုးသမီးအကြောင်း သူအတွေးရောက်သွားပြန်သည်။မခုန်ချခင်မှာ ထိုအမျိုးသမီးဘာတွေးခဲ့မလဲ။ ဒါပေမဲ့ ထပ်ခုန်ချဦး မှာ လို့ ခေါင်းမာနိုင်တဲ့အမျိုးသမီးဟာ ခုန်ချပြီးတော့ကော ဘာတွေ တွေးခဲ့သလဲ။

A bit of madness is key

To give us new colors to see

Who knows where it will lead us?

ဒီကျောက်စွန်းပေါ်ကခုန်ချနိုင်ရင် သူ့ကို Sehun ထားခဲ့ဖို့ မတွေး လောက်တော့ဘူးမလား သူ Sehun ရဲ့ အနာဂတ်တွေထဲ ပါဝင်ဖို့ သော့ချက်ဖြစ်လာနိုင်မလား။

သူ နောက်ကိုသာသာလေးငဲ့စောင်းကြည့်မိပါသည်။ Oh Sehun ဟာ သူ့ကိုစိတ်ချလက်ချကျောပေးထားပြီး အိမ်ကလေးကို လှည့်ပတ် ဓာတ်ပုံရိုက်နေသည်။ သူ့ကို အထင်သေးသည့်စကားကို ပြန်ကြားယောင်မိသော အခါသူ ဖုန်းကို ဘေးမှာတင် ကျောပိုးအိတ် ကိုအသာချလိုက်ရင်း ဖိနပ်အပြာလေးကိုချွတ်လိုက်သည်။

Sehun ကကင်မရာကိုကိုင်၍ ဒီဖက်လှည့်လာသောအခါ သူက ခုန်ချကြည့်ဖို့အသင့်ဖြစ်နေပြီ။

"Hyung..."

Sehun မျက်နှာမှာ စိုးထိတ်မှုတွေ အသံမှာတုန်ခါမှုတွေ။ ဒါဟာသူ မဖြစ်မနေဆက်လက် လုပ်ဆောင်သွားဖို့ တွန်းအားပေးသည့်အရာ တွေဖြစ်ခဲ့ပါသည်။ သူပြုံးပြမိလိုက်လားမသိပါ။ သူသိတာက လက်နှစ်ဖက်ကို ဆန့်တန်းထားရင်း မျက်စိကိုမှိတ်ကာ ရှေ့ကို ခြေ တစ်လှမ်း တိုးခဲ့တာပဲဖြစ်ပါလိမ့်မည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now