21

43 7 0
                                    

"အိမ်တော်ကို တန်းသွားမှာလား"

Tao ရဲ့အမေးကြောင့် ရှေ့ခန်းမှာထိုင်နေတဲ့ ဗိုလ်ကြီးကလှည့်ကြည့် ပြီး ခေါင်းဆတ်ပြသည်။

"လေဆိပ်ကနေကြို ပြီးတာနဲ့ တခါထဲ အိမ်တော်ကိုခေါ်လာဖို့ အမိန့်ရထားပါတယ် အဲ့ဒါပြီးတော့မှ Huang အိမ်တော်ကို လိုက် ပို့ပေးပါမယ်"

Tao က ပုခုံးတွန့်ပြလိုက်တော့ Luhan ဘာမှမတတ်နိုင်ပါ။ စိတ်ပျက်လက်ပျက်နဲ့ ကားပြတင်းပေါက်မှန်ကနေ တဆင့် ဘေကျင်း မြို့တော်ကို ငေးနေမိသည်။

လေယာဉ်ဘီးချချချင်းပဲ လေယာဉ်ကွင်းထဲရပ်ထားသည့် Audi ကား အနက်ရောင်ပေါ်မှ လူတွေကို တွေ့လိုက်ကထဲက သူ့စိတ် အခြေအနေဟာလည်း ဘေကျင်း ရဲ့ မီးခိုးထူတဲ့ရာသီဥတုလိုမျိုး မှိုင်းညို့ခဲ့ရတာ

"ကျွန်တော်တို့က အမိန့်အရ လာကြိုရတာပါ"

အရာအားလုံးဟာ အမိန့်တွေအောက်ပြန်ရောက်ရတော့မှာပါလား။

သူကောTao ကော တိတ်တိတ်ဆိတ်ဆိတ်လိုက် လာရသည်။ Tiananmen ရင်ပြင်ရှေ့ကိုဖြတ်လာသည့်အခါ နန်းတော်ရာ၏ မုခ် တံခါးဝကို အကြာကြီးငေးကြည့်နေမိသည်။ Forbidden City။ အဲဒီနာမည်ကို သူ သဘောကျပါသည်။ တားမြစ်မြို့တော် နောက်ခံ နန်းတွင်းပုံပြင်တွေ အကြောင်း ဆိုးလ်အနုပညာကျောင်းမှာ Term Paper ရေးခဲ့တာလည်း သတိရသည်။ Sehun ဆိုရင် သဘောကျ မှာပဲ။ Sehun သာသဘောကျလျင် ဓာတ်ပုံမရိုက်ရ မဝင်ရ နေရာ တွေအထိ သူလိုက်ပို့ပေးနိုင်ပါလိမ့်မည်။ ဒါပေမဲ့..

"အဟမ်း"

Tao ရဲ့ချောင်းဟန့်သံကြောင့် သူလှည့်ကြည့်လိုက်တော့ Tao က ကိုရီးယားလို ခပ်တိုတိုပဲပြောသည်။

"အခုပဲ Mail ဝင်လာတယ်။ ဖုန်းထဲကိုပို့ပေးရမလား"

နောက်ကိုခေါင်းငဲ့စောင်း နားထောင်နေသော ဗိုလ်ကြီးကို တစ်ချက် ကြည့်ပြီးမှ သူ Tao ဖုန်းကိုပဲ ယူကြည့် လိုက်သည်။ သူ့ဖုန်းဟာ တရုတ်ပြည်မှာ လုံခြုံမည်မဟုတ်ပါ။ ဓာတ်ပုံတချို့နဲ့ စာသား နည်းနည်း ပါဝင်သော Mail ကိုဖွင့်ကြည့်ဖို့ သူအချိန်အနည်းငယ်ယူ လိုက်ရပြီး လက်ကလည်း တုန်နေသေးကြောင်း သူ့ကိုယ်သူသိပါ သည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now