P-2

56 7 0
                                    

ကိုကို က ပစ္စည်းတေကို လိုက်ပို့ပေးရင်း
ကျွန်တော်တို့ မိသားစု ကို ရှာကျွေးနေတာပါ

ဒါပေမယ့်ကံမကောင်းစွာ နဲ့ ကားအက်စီဒင် ဖြစ်သွားခဲ့တယ်

ခြေထောက်ကနှစ်ချောင်းလုံး ကျိုးသွားခဲ့တယ်

စတီး တပ်ရင်ရပေမယ် မတပ်နိုင်တာမို့ ကိုကို ကသူ့ဘဝကို ဒုက္ခိတ အဖြစ်နဲ့ရှင်သန်လာခဲ့ရတယ်

ကိုကို အလုပ်မလုပ်နိုင်တော့ ကျွန်တော်က ကိုကိုအစား အလုပ်လုပ်ရတယ်

အိမ်တအိမ်မှာ အိမ်အကူလုပ်ရင်း မိသားစုကိုရှာကျွေးနေရတာပေါ့

အဲ့အိမ်က ချမ်းသာတဲ့ သူဌေးတေနေတာမို့ လစာလည်းကောင်း ခဲ့တယ် ဒါ့ကြောင့် ကျွန်တော် ဒီအလုပ်မှာမြဲရခြင်းဖြစ်တယ်

ဒီနေ့ အလုပ်ရှင်တို့အိမ်မှာသူ့ သားပြန်ရောက်လာမှာမို့ အခန်းကိုသန့်ရှင်းရေး လုပ်ခိုင်းထားတယ်

ကျွန်တော် ကလည်း အလုပ်သမား ဖြစ်တာကြောင့် မညီးမညူလုပ်နေခဲ့တယ်

*******
ကားသံတေ ကြားတာကြောင့် သူဌေး မရဲ့သားပြန်ရောက်လာတာကိုသိတာမို့ မီးဖိုချောင်မှာ ဝင်ကူနေခဲ့တယ်

ဧည်ခန်းမှာ ထိုင်နေပီး ခြေထောက်နှစ်ဘက်ကို စားပွဲပေါ် တင်ကာ စိတ်ပျက်လက်ပျက် ထိုင်နေသောသူသည် သိပ့်ကို ယောက်ျားပီသလှသည်
မျက်ဝန်းနက်နက်တေကလည်း ဆွဲဆောင် နိုင်လွန်းသည်
ခန္ဓာကိုယ် ဘောဒီကလဲ ပျိုမေတို့ စွဲမက်လောက်စရာပါဘဲ
all blackဝတ်ဆင်ထားပီးအင်္ကျီကို ရင်ဘက်နားက ကြယ်သီး၃လုံးလောက်က ဖြုတ်ထားတာကြောင့် ရင်အုပ်ကျယ်ကျယ်တို့ ကိုမြင်ရနေသည်
ထိုသူကခရီးပန်းလာတာမို့ သံပရာရည်သောက်ရန်ယူလာပေးခဲ့တယ်
သူက သူ့မာမီနဲ့စကားပြောနေတာမို့ ကျွန်အားတစ်ချက်ပင်အကြည့်လွတ်ပီး မာမီနဲ့စကားဆက်ပြောနေခဲ့တယ်

"ဟဲ့ လွှမ်းပိုင်မိုး နင့်ကိုငါဘာခိုင်ထားလည်းခိုင်းထားတာအခုလာလုပ်"

"ဟုတ် သိပါတယ်"

ကျွန်တော်ကသူဌေးသားအနားသွားကာ ဖိနပ်ကို ချွတ်ပေးလိုက်ပီးခြေအိတ်ပါချွတ်ပေးလိုက်တော့

"ဘာလုပ်တာလဲ မာမီဘာတေလုပ်ခိုင်းထားတာလည်း ကျွန်တော့်အသား တစိမ်းထိတာမကြိုက်တာမို့နောက်တခါ မလုပ်ခိုင်းပါနဲ့"

သူကကျွန်တော်ထိတာမကြိုက်လို့ထင်တာမို့ ကျွန်တော် သူနဲ့ဝေးဝေးမှာနေခဲ့တယ်

+++

"လွှမ်းပိုင်မိုး မင်း အကိုလေးကိုသွားခေါ်ခဲ့ညစားစားရအောင်လို့ငါကခေါ်ခိုင်းတယ်လို့"

"ဟုတ်ကဲ့ သခင်မ"

အကိုလေးကို ညစာစားရန်သခင်မကခေါ်ခိုင်းတာကို သွားတင်ပြမလို့ အပေါ်ထပ်ကိုတတ်ခဲ့တယ်
---
အခန်းထဲရောက်တော့ ဘယ်သူမှမရှိခဲ့
ခဏအကြာမှာတော့ရေချိုးခန်းမှာအကိုလေး ဆိုသောသူကထွက်လာခဲ့တယ်

သဘတ် အဖြူလေးကိုပတ်ထားကာ ရေစိုနေသောခေါင်းကို တပတ်တစ်ထည်နဲ့ ခပ်ကြမ်းကြမ်းသုတ်နေခဲ့တယ်

ရေစက်တေစီးကျနေသောသူရဲ့ဝမ်းဗိုက် အနီးမှာရှိတဲ့အဖုအတတ်တေကပိုပီးအထင်အရှားဖြစ်နေခဲ့တယ်

ကျွန်တော် တကယ်ကို ကြောင်ကြည့်နေမိတယ်

"ကြည့်လို့ဝပီလား.."

"ခမျာ မကြည့် ပါဘူး အကိုလေးကို သခင်မခေါ်ခိုင်းလိုက်လို့ပါ"

ကျွန်တော်လှည့်ထွက်မယ်အလုပ်မှာ
ကျွန်တော်လက်ကိုလှမ်းဆွဲလာသောလက်တစ်ဖက်ကြောင့်တကယ်ကို လန့်သွားခဲ့တယ်

"အကိုလေး ကျွန်တော်ကို ဘာခိုင်းစရာရှိလို့ လည်း"

"မင်းနာမည်က.."

"လွှမ်းပိုင်မိုးပါ ..."

ကျွန်တော် လက်ကို မလွတ်သေးတာကြောင့်

"အကိုလေးက ဘာခိုင်းစရာရှိသေားလို့လဲ မရှိရင် သွား...."

"ရှိတယ် ကို့လက်ညောင်းမေတာမို့ ခေါင်းကိုခြောက်အောင်သုပ်ပေး"

"ခမျာ ဟုတ်"

သူခေါင်းကိုထိုးပေးလာတာကြောင့် ကျွန်တော်မငြင်းဘဲ လုပ်ပေးလိုက်တယ်

ခဏအကြာမှာတော့ ညစာစားရန်အကိုလေးကဆင်းလာခဲ့တယ်
ကျွန်တော်ကနောက်မှလိုက်လာခဲ့တယ်

သားမီနှစ်ယောက် မတွေးတာကြာပေမယ့် ထမင်းဝိုင်းကတော့ ဆိတ်နေခဲ့တယ်

××××××××××××××××××××××××××

🥀အရာအားလုံးကို ကြိုသိနေခဲ့ရင် မောင်နဲ့မတွေအောင် နေခဲ့မှာပါ
[မောင်ဆိုတာ အကိုလေးပါ]
🌷ကျူးလစ်ခင်🌷

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]Where stories live. Discover now