8-Z

2 0 0
                                    

လွှမ်းတစ်ယောက် ဂေဟာရောက်တော့ ကလေူတေအတွက်မုန့်တေ စာအုပ်တေ အင်္ကျီတေကို တန်းစီခိုင်းပီးဝေပေးနေခဲ့တယ်
လွှမ်းရဲ့မျက်နှာပေါ်မှာရှိတဲ့ အပြုံးတေဟာပီတီအဖြာဖြညနဲ့ဖြစ်နေခဲ့ပီး မျက်လုံးအိမ်လေးကလည်း တောက်ပနေသော ကြယ်တစ်ပွင့် နဲ့ အလျား တတန်တူလှတယ်

မနီးမဝေးကနေ လွှမ်းကို ကြည်နေသော မျက်လုံးတစ်စုံရဲ့ ပိုင်ရှင် မောင်ကတော့ တွေးနေမိတယ်

*လွှမ်းပြုံးရင်သူပျော်တယ်၊လွှမ်းအနားမှာနေရတာသူသဘောကျတယ်၊သူလွှမ်းကို ချစ်မိနေလားကိုမသိခဲ့ဘူး၊*

"မောင်..မောင်..ခေါ်တာ ကြာပီ ဘာတေတွေးနေလို့ မကြားရတာလည်း"

မောင်ပြန်ဖြေသောစကားကြောင့် လွှမ်းတစ်ယောက် သူကိုနားမလည်နိုင်စွာ ကြည်လိုက်တယ်
မောင်ပြောတာက

"ဘာမှမတွေးပါဘူး..."

တဲ့

"ဒါဆိုပြန်ကြရအောင်မောင်..နေတောင်ဝင်တော့မယ်"

"အင်..ပြန်ကြတာပေါ့"

လမ်းတစ်ဝတ်တွင် လွှမ်းလက်အားဆွဲလာသောလက်တစ်စုံကြောင့် သူလန်သွားခဲ့ကာ ထို လက်ပိုင်ရှင်အားမောကြည်လိုက်သောအခါ ထိုသူသည် အခြားသူမဟုတ်"မောင်" ပင်ဖြစ်တယ်

"လွှမ်း..."

"ဟင်..ပြောလေ..ပြောစရာရှိလို့လား"

"လွှမ်းမွေးနေ့မှာ မောင့် ဆီကဘာလက်ဆောင်လိုချင်လဲ"

"တကယ်ပေးမှာလား"

"အင်..."

"မောင် လွှမ်းနဲ့တစ်ညလုံးအတူရှိနေပေးပါနော် ရတယ်မလား"

"အင် ရတာပေါ့"

မောင့်ကြောင့်သူပြုံးပျော်ရသော အခိုက်အတန့်ကိုလက်ချိုးရေရင်ပင်ရတယ်

*မောင် ကငါ့အနားမှာ တစ်ညလုံးနေပေးမယ်တဲ့*

ခတိုင်းဆိုမောင်က ညတိုင်း barတို့clubတို့ အမြဲသွားကြမနက်လောက်မှာပြန်လာတာ အခုမောင့် စကားကြောင့် လွှမ်းအင်မတန်ပျော်ခဲ့ရတယ်

ဒါသူ့ ဘဝမှာ ပထမဦးဆုံးမွေးနေကို လုပ်ခွင့်ရတဲ့နေ့ မောင် ဆီက ဒီစကားဟာ ကျွန်တော် အတွက်အကောင်းဆုံး လက်ဆောင်မွန်ဘဲ

######

ကျွန်တော် မောင်ကို အတူထမင်းစားရန်ခေါ်ဖို့ အိမ်အပေါ်ထပ်ကိုတတ်လာခဲ့တယ် ပီး ဖွင့်နေသောတံခါးမှာအသာဝင်လာခဲ့တယ်
မောင်က ဖုန်းဆက်နေပီး တဖက်လူအားပြန်ဖြေနေသောစကားတို့ကို လွှမ်းကြားခဲ့ရတယ်

🗣️......

"အခုလား....."

🗣️.......

"အင် အခုထွက်လာခဲ့မယ် စောင့်နေ"

🗣️.....

"အမြန် ဆုံးလာခဲ့မယ်"

မောင်က အပြင်သွားမလို့လား
ငါ့ကိုကတိပေးထားတယ်လေ
ငါ့အနားမှာဘဲနေပေးမယ်ဆို

မောင်မကောင်းဘူး မောင် ငါ့ကိုလိမ်တယ်

လွှမ်းတစ်ယောက် တံခါးကို ဆောင့်ပိတ်ပီးပြေးထွက်သွားတာမို့

မောင်သိလိုက်တယ်
ဒါလွှမ်းဆိုတာ သူကိုအထင်လွဲလည်း လွဲလောက်ပါတယ်

မောင်ကအရေးကြီးနေတာကြောင့် လွှမ်းကိုတောင်မရှင်းပြနိုင်ကာ ထွက်လာခဲ့တယ်

*နောက်မှလွှမ်းကို ချော့ရမယ်*

××××××××××××××××××××××××××

*မောင်က ငါကလွဲရင် အကုန်သူ့အတွက်အရေးကြီးပုံဘဲ၊မင်းအရမ်း ကံဆိုးတာဘဲ ဒီကမ္ဘာမှာနင့်ကို ဂရုစိုက်မယ့်သူ အရေးလုပ်မယ့်သူမရှိဘူးဘဲ လွှမ်းရယ် မင်းသိပ်ကံဆိုးတာဘဲ*

လွှမ်းတစ်ယောင် ဒီလိုတွေးနေကာ ဝမ်းနည်းနေခဲ့တယ်(ဒါတေကသူ့အတွက်အဆန်းမဟုတ်ပေ)

--------------------------------

ကိုသာ မောင့်နေရာမှာဆို လွှမ်းဆိုတဲ့မင်းကို သိပ်ချစ်ကြောင်းဖွင့်ပြောမိမှာအမှန်ဘဲ ဘာလို့မောင်က🤐မြုံနေရတာလဲ

💢မောင် မင်းနောက်မကျခင်ဖွင့်ပြောဖို့ အကြံပေး💡ချင်တယ် တော်ကြာမင်းဘဝထဲကနေတစ်ယောက်ယောက်လာခေါ်ထုတ်သွားလိမ့်မယ် ကိုမင်းကိုသတိပေးတာမဟုတ်ဘူးနော် မင်းကို နောင်တမရခင်လုပ်သင့်ကြောင်းပြောနေတာ🚫
🌷ကျူးလစ်🌷

++++++++++++++++++++++++++++

ဆက်ငိုဖို့ မျက်ရည်မလုံလောက်တော့ဘူး🥀[U/Z]Where stories live. Discover now