2

11.8K 392 11
                                    

💛 Players ( Part - 2 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

နေပူပူ၏အငွှေ့အသက်ကြောင့် အသားတွေကအစ စပ်ဖျဉ်းဖျဉ်းဖြစ်သွားမိပေမယ့် သေချာပေါက်နောက်မဆုတ်ချင်၍ ကျောပိုးအိတ်ကိုယူကာ ကားပေါ်ကဆင်းလာခဲ့သည်။
အိမ်မှာတော့ ဘာတွေဖြစ်နေခဲ့မလဲ သူသေချာမသိသလို နယ်မြေတစ်ခုတည်းမှာပဲ မနေချင်သည့်စိတ်က စွန့်စားဖို့ကိုလက်တို့နေခဲ့သည်။

တစ်ယောက်တည်းလမ်းလျှောက်လာရင်း ဘယ်ကိုသွားရမလဲဟု စဥ်းစားမိနေတုန်း ကားတစ်စီးအနားရောက်လာတော့ ထိုကားကမှန်ချသွား၏။
တစ်ခုခုပဲဟု အလိုလိုသိနေစိတ်ဖြင့် ကားထဲကိုငုံ့ကြည့်မိသောအခါ အေးစက်ခက်ထန်သောမျက်နှာဖြင့် လူတိုင်းအပေါ်မှာ ရက်စက်ပြတ်သားရဲသောအစ်ကို...

"ဒီကိုလာ"

"အဖေကလွှတ်လိုက်တာလား"

"မဟုတ်ဘူး ငါ့ဘာသာလာတာ.. လာစမ်းပါကွာ"

စိတ်မရှည်တော့သည့် လေသံကခပ်ဆတ်ဆတ်ဖြစ်လာပြီမို့ သူဘာမှမပြောတော့ဘဲ ကားပေါ်တက်ထိုင်ရင်း အစ်ကို့ကိုပေစောင်းစောင်းကြည့်မိ၏။
သို့သောအစ်ကိုက ဘာမှထပ်မပြောဘဲမေးဆတ်ပြလိုက်၍ ကားက မြို့ထဲကိုပြန်ရောက်လာ၏။

"အခုဘာလုပ်မယ်စိတ်ကူးထားတာလဲ"

"ကျွန်တော်အလုပ်လုပ်ရင်း ကျောင်းတက်မယ်"

"မင်းရဲ့TUကျောင်းက ကျောင်းစားရိတ်ဘယ်လောက်ရှိလဲ သိလား ပြီးတော့ ဘာပညာအရည်အချင်းမှမရှိသေးဘဲ မင်းဘာအလုပ်လုပ်မှာလဲ"

"အဲ့လောက်ထိထည့်တွက်မထားဘူး အစ်ကို ကျွန်တော်ကယောကျာ်းလေးပဲ ဘဝပျက်မသွားဘူး"

ထိုအခါ အစ်ကိုကဟွန့်ခနဲပြုံးကာ စာအိတ်တစ်အိတ်နှင့်သော့တွေကို သူ့ဆီလှမ်းပေးလာတော့ မယူသေးဘဲ အစ်ကို့ကိုသာခပ်စူးစူးကြည့်နေမိသည်။
အစ်ကိုလိုက်လာမှတော့ အဖေလွှတ်လိုက်သည်ဟု သူ တထစ်ချယုံကြည်ထား၍ မယူချင်တာမို့ အစ်ကိုက ဒါကိုသိသလို သူ့လက်ထဲအတင်းထိုးထည့်ပေးလိုက်ကာ...

"မင်းနေဖို့ ကွန်ဒိုတစ်ခန်းနဲ့ ကားတစ်စီးပေးတာ"

"ရတယ်အစ်ကို ကျွန်တော်က"

PlayersWhere stories live. Discover now