Chapter 2

325 59 50
                                    

Unicode

မြို့တော်ဝန် သောမတ်စ်ဝိန်း

ဆန်းကြယ်လှတဲ့စာအုပ်ရဲ့ဆွဲခေါ်မှုအပိုင်းမှာအိမ်မက်ဆန်သောနိုးထခြင်းနဲ့အတူနိုးထလာရသည်။
ပထမဆုံးမျက်လုံးဖွင့်လိုက်တော့ရောက်နေသည့်နေရာကသူ့အခန်းထဲမှာလည်းမဟုတ်သလိုအိမ်မှာလည်းမဟုတ်ခဲ့။
မီးရောင်များဖြင့်ထိန်လင်းနေသောအခန်းကြီး၏ကုတင်ပေါ်တွင်နိုးထလာရခြင်းသာဖြစ်သည်။

"ဟင်"

နောက်ကျိနေသောဦးနှောက်ကိုခဏလောက်အချိန်ပေးပြီးအလုပ်မြန်မြန်ပေးလိုက်ရသည်။
သေချာပေါက်ညကစာအုပ်ကိုဖွင့်ဖတ်ပြီးထူးထူးဆန်းဆန်းတွေတွေ့လိုက်တယ်။
နောက်ပြီးတော့သောမတ်စ်ဝိန်းဆိုတဲ့နာမည်
အဲ့ဒီနောက်မှာသူကဆွဲခေါ်ခံလိုက်ရတာပဲ

အခန်းပုံကြည့်ရတာသူဖတ်နေကျစာအုပ်တွေထဲပါလာတဲ့ပိုစတာတွေလို၊တီဗီထဲမှာမြင်နေကြရှေးခေါတ်ဇာတ်ကားတွေရဲ့အပြင်အဆင်နှင့်ဆင်နေသည်။ကုတင်တည့်တည့်မှာချိတ်ဆွဲထားသောအလှမီးဆိုင်းကြီးတစ်ခုရှိသည်။

"ပြက္ခဒိန် ပြက္ခဒိန်!!"

ကံကောင်းထောက်မစွာပင်ပြက္ခဒိန်တစ်ခုမလှမ်းမကမ်းနံရံမှာချိတ်ဆွဲထားသည်။အိပ်ရာပေါ်ကဝရုန်းသုန်းကားထလိုက်ကာထိုပြက္ခဒိန်ဆီပြေးကပ်ကာကြည့်လိုက်တော့

စက်တင်ဘာလ 13ရက် 1904ခုနှစ်

"What the fuck!! မဖြစ်နိုင်လိုက်တာ"

စိတ်ရှုပ်ထွေးစွာဆံပင်တွေဆွဲဖွကာဘေးဘက်လှည့်လိုက်တော့ကိုယ်လုံးပေါ်မှန်တစ်ခုကကြိုဆိုနေသည်။
ဒါကြီးကပိုပြီးမဖြစ်နိုင်စရာကောင်းသွားပြီ။

မှန်ထဲမှာပေါ်နေတဲ့သူ့ပုံရိပ်ကအောက်ခံအဖြူအင်္ကျီ၊အညိုဘောင်းဘီ၊တည်ကြည်လှတဲ့မျက်နှာထားနဲ့ထင်ရှားသည့်အညိုရောင်ဆံပင်ကွေးများသာဖြစ်လေသည်။
မယုံနိုင်စရာလိုပြူးကြည့်နေတဲ့သူ့မျက်ဝန်းတွေကစူးရှခြင်းအသွင်ဆောင်နေသည်။

"ဒါဆိုရင်ဆိုလိုတာချင်ကငါကTime travelပြီးသောက်ကျိုးနည်း၂၀ရာစုကိုရောက်လာခဲ့တာပေါ့
ငါ့မျက်နှာမဟုတ်တဲ့တစ်ခြားသူရဲ့မျက်နှာနဲ့လေ"

Two Men In One Look (Completed)Tempat cerita menjadi hidup. Temukan sekarang