နှုတ်ဆက်စကား

215 31 35
                                    

ကဲ အခုတော့ တစ်နှစ်ကျော်ကျော်လောက် ရေးလိုက် ပစ်ထားလိုက် လုပ်ခဲ့တာလေးကကွန်ပလိသွားပါပြီ။
နားမယ်လို့တွေးပြီးဆုံးဖြတ်ချက်ချထားပေမယ့်
ဝိန်းက စာရေးချင်စိတ်ကိုပြန်ဆွပေးနေတယ်။

ပြောစရာတွေကတော့အများကြီးပါ။

ဂျီမင်းရဲ့ကာရိုက်တာ၃ခု ပုံစံ၃မျိုးပေါ့
ဝီလီယမ်ရယ် ဖီးလီးယက်စ်ရယ် ဒီဘက်ခေါတ်ကပတ်ဂျီမင်းရယ်ပေါ့
အဲ့၃ခုကိုတော့ပုံစံကွဲအောင်ရေးနိုင်ခဲ့တယ်ထင်တာပဲ

ဝီလီယမ်နဲ့ဖီးလီးယက်စ်တို့ကြားကbondကိုကိုယ်ကမသိမသာလေးပြချင်တာပါ။
၂ယောက်လုံးကထုတ်မပြောကြပါဘူး တစ်ယောက်နဲ့တစ်ယောက်ကြားမှာအဖုအထစ်လေးတွေရှိခဲ့ပေမယ့်နောက်ဆုံးအရေးကြုံရင်တော့တစ်ယောက်ကိုတစ်ယောက်ကာကွယ်ခဲ့တာပါပဲ။

နောက်တစ်ခုကဝိန်းရဲ့ကာရိုက်တာပါ။
သောမတ်စ်ဝိန်းကဝီလီယမ်ကလွဲရင်ဘယ်သူ့ကိုမှအလေးပေးမဆက်ဆံပါဘူး။
ဝီလီယမ်တစ်ယောက်တည်းပဲသူ့ရင်ထဲမှာရှိတာပါ။

ဂျီမင်းကိုကျဘာလို့အဲ့လိုဆက်ဆံလဲဆိုရင် သူ့အတွေးထဲမှာဂျီမင်းကဝီလီယမ်ပဲလေ။
တကယ်လို့ ဝီလီယမ်နဲ့ဂျီမင်းနဲ့ယှဉ်လာခဲ့ရင်ဝိန်းရဲ့ရွေးချယ်မှုကဝီလီယမ်ပါပဲ။

ပြောချင်တာက သောမတ်စ်ဝိန်းဆိုတာဝီလီယမ်အာသာအတွက်ပါပဲ
ဂျီမင်းအတွက်ကိုတော့ ၂၁ရာစုရဲ့သောမတ်စ်ဝိန်းကသက်ဆိုင်မှာပါ။
၂၁ရာစုမှာဂျီမင်းမျက်နှာတစ်ကမ္ဘာထားမယ့်သောမတ်စ်ဝိန်း(ဂျောင်ကု)ရှိနေမှာပါ။

ဟယ်ရစ်ဆန်ဝိန်းကသောမတ်စ်ဝိန်းရဲ့အဖေတူအမေကွဲညီအစ်ကိုပါ။
သူကဒုတိယဇနီးကမွေးတာဖြစ်ပြီးတော့သောမတ်စ်ဝိန်းထက် အသက်၂နှစ်ပိုကြီးပါတယ်။
ဟယ်ရစ်ဆန်ဝိန်းက သောမတ်စ်ဝိန်းနဲ့မျက်နှာကျပုံတူပါတယ်။မျက်လုံးကြောင့်ပိုတူတာပါ။
Two Men In One Lookလို့ပေးခဲ့တာ ဝီလီယမ်နဲ့ဖီးလီးယက်စ်ကိုပဲရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။သောမတ်စ်နဲ့ဟယ်ရစ်ဆန်အတွက်ပါရည်ရွယ်ပြီးပေးခဲ့တာပါ။
သူကဒီတစ်လျှောက်လုံးပါဝင်ပက်သက်ခဲ့ပေမယ့်နောက်ဆုံးပိုင်းလေးပဲမျက်နှာပြရရှာပါတယ်။

Two Men In One Look (Completed)Where stories live. Discover now