Unicode
၂၁ရာစုကသောမတ်စ်ဝိန်း
"အစ်ကို ပြန်မသွားလို့ရမလား"
ဝိန်း၏မျက်နှာကကယ်ဆယ်၍တောင်မရတော့။
ဝီလီယမ်လည်းဝိန်းကိုသာငေးကြည့်နေရင်းပြောစရာစကားလုံးပင်မရှိတော့ပါချေ။"ငါအလုပ်တွေရှိတယ်"
"အစ်ကို ကျွန်တော့်ကိုမချစ်ဘူးလား"
"ငါ...ငါ.."
ဝီလီယမ်သည်ရှေ့ဆက်ရမယ့်အလိမ်စကားကိုပြောမထွက်နိုင်ခဲ့ပါ။ထိုစကားလုံးလေးသည်သိပ်ကိုတန်ဖိုးရှိလွန်းလှ၍လိမ်မပြောချင်။စကားလုံးတို့ကလည်ချောင်းထဲမှာပဲတစ်ဆို့လျက်အကြည့်သာလွှဲလိုက်သည်။
တစ်ဖက်ခြမ်းရှိကုတင်ပေါ်မှဂျီမင်းမှာတော့ပြူးတူးကြောင်တောင်လေးသာတိုက်ပွဲကိုစောင့်ကြည့်နေသည်။
သူ့အပိုင်းမဟုတ်တော့ဝင်ပြော၍လည်းမရပြန်..."ချစ်လားလို့ ဖြေ!"
"ဒီအသက်အရွယ်ပဲရောက်နေပြီ ရင့်ကျက်တော့"
"ဝီလီယမ်နဲ့ပက်သက်ရင်သောမတ်စ်ဝိန်းမှာအသက်အရွယ်ဆိုတာမရှိဘူး ကျွန်တော်ဘယ်တော့မှရင့်ကျက်မပေးနိုင်ဘူး"
ဝိန်းကထိုင်နေရာမှဝီလီယမ်အားရင်ခွင်ထဲဆွဲပြီးသိမ်းဖက်ထားလိုက်ပြန်သည်။ဝီလီယမ်လည်းဂျီမင်းရှေ့အဆင်မပြေတာကြောင့်ဆတ်ခနဲရုန်းလိုက်သည်။
သို့ပေမယ့်ဝီလီယမ်မှာဘယ်တုန်းကများဝိန်းကိုတွန်းလှန်နိုင်ဖူးလို့လဲ။
ဝိန်း၏ရင်ခွင်ထဲတွန်းကန်နေရင်းနဲ့ပါသွားသည်။"မရုန်းပါနဲ့"
ဘေးနားကဂျီမင်းတောင်အိပ်ရာခင်းများကိုယောင်ယမ်းပြီးဆုပ်ကိုင်မိသွားသည်။အလားတူစွာပဲဝီလီယမ်လည်းမီးကိုရေနဲ့ပက်ဖြန်းလိုက်သလိုချက်ချင်းငြိမ်ကျသွားသည်။
"ကျွန်တော်တို့၂နှစ်တောင်ဝေးခဲ့ပြီးပြီလေ
နောက်ထပ်မဝေးချင်တော့ဘူး ဝီလီယမ်ရယ်"ဝိန်းသည်အလွန်လေးနက်လာသည့်အခါ အစ်ကိုအစားဝီလီယမ်ဟုသာတိုက်ရိုက်ခေါ်ပြီးသုံးနှုန်းတတ်သည်။ဝိန်း၏သြဇာအပြည့်ပါသောလေသံသည်ရုန်းနေသောသူ့ကိုချက်ချင်းငြိမ်ကျသွားစေတဲ့အထိစွမ်းအားကြီးမားသည်။
YOU ARE READING
Two Men In One Look (Completed)
FanfictionThere was a story about two men who fell in love with the same man But their story had already been a sad ending What if there is a chance to fix all these things,will we be able to rewrite the stars?