Chapter 15

244 36 14
                                    

Unicode

နွေးထွေးလွန်းတဲ့ဝိန်းရဲ့ရင်ခွင်ဝယ်ခဏတာ

၄င်းဖြစ်ရပ်များကိုမြင်လိုက်ရပြီးနောက်ပိုင်းတွင်ဂျီမင်းမှာမတုန်လှုပ်ဘဲမနေနိုင်တော့ပါချေ။
ဖီးလီးယက်စ်ကသွေးချင်းရဲလျက်မရှုမလှသေဆုံးသွားရသည်။သေဆုံးပြီးချိန်တောင်လျှင်မှလွတ်လွတ်လပ်လပ်ဘဝမကူးရဘဲစာအုပ်ကသူ၏ဝိညာဉ်ကိုစားသုံးခြင်းကိုခံလိုက်ရသည်။

အတိတ်ဘဝကသူဟာဘယ်လိုလူမျိုးလဲ
ချစ်ရတဲ့သူကိုမကာကွယ်နိုင်တဲ့အပြင်ညီဖြစ်သူကိုပါဒီလိုအခြေအနေအထိ...
သူတကယ်ပဲအဲ့လောက်ထိအသုံးမကျခဲ့တာလား

မြင်ကွင်းကဖီးလီးယက်စ်သေဆုံးပြီးနောက်ပိုင်းအကုန်ပျောက်ကွယ်သွားကာယခင်ကအတိုင်းအဖြူရောင်ပတ်ဝန်းကျင်ကြီးသာကျန်ခဲ့တော့သည်။

"လူသတ်သမားကိုတွေ့လိုက်လား"

"ဟင့်အင်း ငါရောက်လာတော့ဝီလီယမ်ရော ဝိန်းရောကအသက်မရှိတော့ဘူး
အဲ့ဒီပြဇာတ်ရုံထဲမှာဘယ်သူမှကျန်မနေခဲ့တော့ဘူး"

"ကျွန်တော်တစ်ခုမေးစရာကျန်သေးတယ်
ဖီးလီးယက်စ်ကဘာလို့စန္ဒရားကိုကြောက်ရတာလဲ"

"အဲ့ဒီမေးခွန်းအတွက်ငါ့မှာအဖြေမရှိဘူး
စာအုပ်ကငါ့ရဲ့ငယ်ဘဝမှတ်ဉာဏ်တွေအကုန်လုံးကိုဝါးမြိုသွားခဲ့ပြီးပြီ မင်းကိုပြခဲ့သမျှငါ့ဆီမှာနောက်ဆုံးကျန်တော့တဲ့အရာတွေပဲ
ဒါတွေကလည်းအဲ့ဒီရက်ရောက်ရင်အကုန်ပျောက်ကွယ်သွားတော့မှာ ငါဆိုတဲ့ဖြစ်တည်မှုတောင်ကျန်ခဲ့တော့မှာမဟုတ်ဘူး"

"ဖီးလီးယက်စ်ကပြန်လာလို့မရတော့ဘူးလား"

ဖီးလီးယက်စ်ကအသာခေါင်းခါပြသည်။
သူ့အတွက်မျှော်လင့်ချက်ဆိုတာဘာဆိုဘာမှမကျန်တော့သော်လည်းဂျီမင်းလုပ်နိုင်ခဲ့လျှင်မူဝိန်းရောဝီလီယမ်ရောကင်မ်ပါတစ်သက်လုံးကောင်းမွန်စွာနေရပေလိမ့်မည်။

"ဝီလီယမ်ကိုအရင်ရှာပါ ဖြစ်ခဲ့သမျှကိုသူ့ကိုပြောပြလိုက်ပါ
သူတစ်ခုခုအဖြေရှာနိုင်လိမ့်မယ်"

"ကျွန်တော်ပြောပြလိုက်ပါ့မယ်"

"ဒါဆိုမင်းလည်းသွားသင့်ပြီ"

Two Men In One Look (Completed)Onde histórias criam vida. Descubra agora