Chapter 22(Final)

216 37 25
                                    

Unicode

အတိတ်ကဆွေမျိုး(သို့)ရန်သူ

"ဒါဆို..."

"ဘာတွန်မှာအလုပ်သမလေးတစ်ဦးအဖြစ်ကိုယ်ရောင်ဖျောက်ထားနိုင်တဲ့သူမရဲ့စွမ်းပကားကတော့အံ့သြစရာပါပဲ"

"ကျွန်တော်တို့ဒီကိစ္စပေါ့လျော့လို့မဖြစ်ပါဘူး မြို့တော်ဝန်ဝိန်း"

"ကိုယ်ခဏလောက်စဉ်းစားပါရစေဦး
ဝီလီယမ်အာသာကိုတွေ့အောင်ရှာပါ ပြီးရင်သူ့ကိုခေါ်ခဲ့ ဖမ်းပြီးခေါ်ခေါ် ချုပ်ပြီးခေါ်ခေါ် ကိုယ့်ဆီရောက်အောင်ခေါ်ခဲ့"

"ဟုတ်ကဲ့ပါ မစ္စတာဝိန်း"

ထိုလူကပြန်လှည့်ထွက်သွားသည်။
ဝိန်းသည်စိတ်ရှုပ်စွာဖြင့်ထိုင်ခုံပေါ်ထိုင်ချလိုက်သည်။

ဒီလိုဆိုရင်တော့အစ်ကိုကလီလီဂျိမ်းကိုမတွေ့ခင်သူအရင်အစ်ကို့ကိုဖမ်းခေါ်မှပဲရတော့မည်။
ဟယ်ရီချားလ်စ်ကိစ္စကတကယ့်ပြဿနာမဟုတ်။
လီလီဂျိမ်းကတကယ့်ပြဿနာဖြစ်သည်။
ခက်တာကအစ်ကိုသည်ဘယ်ကိုရောက်သွားမှန်းမသိ။

"ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ"

သူရုတ်တရက်အဖြေတစ်ခုကိုစဉ်းစားလို့မရနိုင်။
ပြဇာတ်ရုံမှအချိန်သည်၁လကျော်လိုသေးသည်။
သူဝီလီယမ်ကိုသာဖမ်းထားလိုက်ပြီးဒီတစ်လလုံးဖွက်ထားလိုက်လျှင်ထိုဖြစ်ရပ်မျိုးဖြစ်လာစရာအကြောင်းမရှိ။
လန်ဒန်တုန်းကဘာလို့များပြန်လွှတ်ပေးမိလိုက်တာပါလိမ့်။

၃ရက်၄ရက်ခန့်ကြာသည်အထိသတင်းသည်ပြန်ရောက်မလာခဲ့။ဂျီမင်းလည်းဝိန်း၏စိတ်ပင်ပန်းနေပုံကိုရက်ဆက်မြင်နေရတာကြောင့်သွားတောင်ဂျီမကျရဲပါ။

"ဝိန်း.."

"အင်း"

"ဘာတွေဖြစ်နေလို့လဲဟင်"

"အစ်ကိုကပျောက်သွားပြန်ပြီ"

"ဗျာ"

"အစကတည်းကမလွှတ်ပေးခဲ့ရမှာ
အစ်ကိုကအန္တရာယ်ရှိနေပြီ ကိုယ်ဘာလုပ်ရမလဲ ကိုယ်ဘာများလုပ်ရမလဲ"

ဝိန်းကဂျီမင်း၏ပုခုံး၂ဖက်ကိုကိုင်ကာတုန်လှုပ်စွာဖြင့်မေးသည်။ဂျီမင်းလည်းဒီမေးခွန်းအတွက်အဖြေမရှိ။

Two Men In One Look (Completed)Where stories live. Discover now