Unicode
ကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကလူ
ဘာတွန်ကိုပြန်ရောက်ပြီးနောက်ပိုင်းဝိန်းကဂျီမင်းကိုအိမ်တွင်ခေါ်ထားသည်။
ဖီးလီးယက်စ်အိမ်မှအထုပ်အပိုးများကိုလည်းရွှေ့လာစေလိုက်ပြီးအခန်းတစ်ခန်းထဲတွင်ထည့်ထားစေသည်။"ကိုယ်မြို့တော်ဝန်ရုံးသွားဦးမယ်"
"ဟုတ်"
"လိမ်လိမ်မာမာနေခဲ့"
"ဟုတ်"
"မင်း ရွဲ့နေတာလား"
"မဟုတ်ပါဘူး"
"ကိစ္စရှိရင်မြို့တော်ဝန်ရုံးကိုလူလွှတ်လိုက်
ကိုယ်ပြန်လာခဲ့မယ်""ပြန်လာရင်အသားကင်ကျွေးဦး"
"အင်း"
ဂျီမင်းသည်အိမ်တံခါးဝတွင်ရပ်စောင့်နေပြီးဝိန်းကလက်ကိုင်အိတ်ကိုဆွဲလျက်အိမ်အပြင်ထွက်သွားသည်။
ခြံတံခါးဝနားတောင်မရောက်သေးမီပြန်လှည့်လာကာ..."ဒါလေးမေ့ခဲ့တယ်"
ဂျီမင်းနဖူးကိုဖွဖွနမ်းကာပြုံးပြပြီးပြန်ထွက်သွားသည်။
ကျန်ခဲ့သောလူမှာတော့ရင်ထဲဒူးရင်းသီးကြားဘတ်တာဖလိုင်းတွေဖလူးဖလူးပေါ့။ဂျီမင်းဘာတွန်ကိုပြန်ရောက်ပြီးကတည်းကဘာမှမလုပ်ဘဲအားယားနေတာတစ်ပတ်ကျော်လောက်ရှိခဲ့ပြီ။
ဖီးလီးယက်စ်၏ရေးလက်စစာအုပ်တွေကိုဆွဲဖတ်လိုက် ဝိန်း၏စာဖတ်ခန်းထဲဝင်ကာဖွလိုက်ဖြင့်အလွန့်အလွန်ကိုအားယားနေခဲ့သည်။
အမှုကိစ္စတွေကလည်းသူနားလည်တာမဟုတ်...
ဝိန်းကိုပဲအားလုံးလွှတ်ထားပေးလိုက်တော့မည်။တစ်နေ့သူဖီးလီးယက်စ်၏စာအုပ်ပုံကြားမှစာအုပ်တစ်အုပ်ကိုကောက်ရလိုက်သည်။
ထိုစာအုပ်မှာချောကလက်ကိတ်လုပ်နည်းရေးထားသည့်စာအုပ်ပင်။
ဖီးလီးယက်စ်၏ချောကလက်ကိတ်နှင့်ပက်သက်၍ဝိန်းရဲ့မှတ်ချက်ကိုရော ကင်မ်ရဲ့မှတ်ချက်ကိုရောကြားဖူးသည်။
လက်ရာကအမှန်တကယ်ကိုထိပ်တန်းပင်။သူစမ်းလုပ်ကြည့်ဖို့ကြိုးစားလိုက်သည်။
ဝိန်းပြန်လာရင်သူလုပ်ထားတာပါဟုကြွားဝါ၍ရနိုင်သည်။
ပါဝင်ပစ္စည်းတွေကလည်းအိမ်မှာအစုံအလင်ရှိနေတာကြောင့်အခုချက်ချင်းပဲထလုပ်ဖို့ဆုံးဖြတ်လိုက်သည်။
၂၀ရာစုကနေ နည်းလမ်းတစ်ခုသင်သွားရရင်လည်းသိပ်တော့မဆိုးပါဘူး။
![](https://img.wattpad.com/cover/333674942-288-k909668.jpg)
BẠN ĐANG ĐỌC
Two Men In One Look (Completed)
FanfictionThere was a story about two men who fell in love with the same man But their story had already been a sad ending What if there is a chance to fix all these things,will we be able to rewrite the stars?