part-17

8.5K 474 52
                                    

"မသေအောင်တိုက်"

"အေး သေသွားလို့မရဘူးနော်"

ဖုန်းကိုချလိုက်ပြီး မြင့်မားသောအဆောက်ဦးထိပ်ကနေ ဖြစ်လာမယ့်အစီစဉ်တွေကို တွေးတောလိုက်သည်။
ငါးကိုဖမ်းချင်ရင် ငါးစာတော့လိုတယ်မဟုတ်လား

ရန်သူ့စခန်းထဲသွားခေါ်ထုတ်ရင် သတ်ပွဲသာဖြစ်သွားလိမ့်မည်။ လိုချင်တာကို အသာတကြည်ထုတ်ပေးမယ့်နေရာလည်းမဟုတ်

အရင်ကထက်လူစိတ်မရှိတော့တာကိုယ့်ကိုကိုယ်လည်းနားလည်သည်။လိုချင်တာရနိုင်ဖို့
ဘာတွေထိခိုက်သွားနိုင်မလည်း ဘာတွေပျက်စီးသွားနိုင်မလည်း တွေးပေးရတာကိုမုန်းသည်။

ခဏကြာတော့ သူ့လူတွေလှမ်းဆက်သည်။ ကားတိုက္မှုအတွက် စခန်းကို ကိုယ်တိုင်သွားပြီဖြစ်ကြောင်းနှင့် အမှုအတွက်သေချာလေးစီမံပေးမည်ဟုအကြောင်းကြား၏။လူနာကတော့ ဆေးရုံထက္မှာ သတိလစ်အနေထားအတိုင်းရှိနေခဲ့ရတာသိသည်နှင့် မဲ့ပြုံးတွေက သက်၀င်လာသည်။

အသက်လုကာကွယ်ပေးရလောက်သည့်အထိ သူမိုက်ရူးရဲခဲ့သည်။ငဲ့ညှာမှုအပေါင်းတို့က နောက်ဆုံးထိ သူချစ်ရတဲ့သူတွေကို မကာကွယ်ပေးနိုင်ခဲ့
မင်းကဘာလို့ သူစိမ်းရင်ခွင်ထဲရောက်သွားခဲ့ရတာလည်း
ငါ့ရဲ့ရန်သူဆီကိုမှ တည့်တည့်မတ်မတ် ရောက်သွားရအောင် ဘာတွေကတွန်းအားဖြစ်စေခဲ့တာလည်း
ဒီမေးခွန်းတွေက သူဒီမြေကို ခြေမချခင်ထဲက
ညတောင်အိပ်လို့မရသည့်အထိ အဖန်ဖန်မေးနေမိခဲ့သည်။

သူ့အိမ်မှာနေဖို့ခိုင်းစေခဲ့တာ အိမ်သော့နဲ့အတူရှိနေတဲ့ မီးခံသေတာသော့ ဒါကိုသူမသိအောင်စာရေး‌ေပးဖို့ထက်
အိမ်မှာနေရင်းသိလာလိမ့်
မယ်ယူဆကာ အလျင်မြန် ဘိုးလေးတော်တို့ချိန်းဆိုရာကိုသွားခဲ့ရသည်။
သိန်းတစ်ရာငွေသား၊ အိမ်နှင့် ရပ်ကွက်သန့်သန့်မှာ နာမည်ပျက်တာကလွဲလို့ နေဖို့ထိုင်ဖို့ကအစ ဘာမှ လိုလေသေးမရှိစေခဲ့

ကိူယ့်မျက်နှာကိုပဲငဲ့ကြည့်ခဲ့တဲ့ မင်းက
ငါထားသွားခဲ့ရတဲ့အကြောင်းကို မသိစေဦးတော့ ဒီလိုကြီး မှီတွယ်ပစ်စရာလား
ရွက်စိမ်း မင်းရဲ့ခံစားချက်တွေကို သံသယ၀င်မိတယ်၊
ကိစတွေပြီးပြတ်တာနဲ့ သူမဆီကို သွားဖို့ကြံရွယ်ထားခဲ့တာ
မင်းနွယ်နဲ့ ဘိုးလေးတော်တို့ကို ဒီတိုင်းလွှတ်ထားလို့မကောင်းပေမယ့် သူမ တခြားတစ်ယောက်နဲ့ လက်ဆက်တဲ့သတင်းဟာ
သေမင်းနဲ့တွေ့ခဲ့ရတာတောင်
သမအတွက်ကာကွယ်ပေးမိခဲ့တဲ့ ကိုယ့်ကိုကိုယ်မုန်းတီးမိသည်။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now