အပိုင်း တစ်

606 38 8
                                    

နှောင်ကြိုးလေးတစ်မျှင်

အပိုင်း တစ်
~~~~~~~~~

ဘူဆန်မြို့ တောင်ကိုးရီးယားနိုင်ငံ
၁၉၉၄ ခုနှစ် ၈ လပိုင်း ၁၅ ရက်
ည ၇ နာရီခွဲ အချိန်

ရာသီဥတုသာယာမည်ဟု မိုးလေဝသရေဒီယိုလိုင်းက သတင်းကြေညာထားပေမယ့် ထိုညက ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ခဲ့သည်။

မိုးစက် မိုးပေါက်တို့ တဖျောက်ဖျောက်ကျလာတဲ့အခါ လမ်းပေါ်က လမ်းသွားလမ်းလာ တစ်ချို့သည် နီးစပ်ရာ ကော်ဖီဆိုင် အဝတ်ဆိုင်တွေအထဲ ဝင်ရောက်ကာ မိုးခိုကျသည်။
တစ်ချို့တွေက အသင့်ပါလာတဲ့ ထီးကို ထုတ်ဆောင်းကျပီး သွားလိုရာအရပ်ဆီ ဦးတည်လိုက်ကျသည်။ တစ်ချို့သော လူတွေကတော့ မိုးရေတွေထဲ မျက်ရီတွေမိုးတွေနဲ့အတူ ကမ္ဘာပျက်နေကျသလို တစ်ချို့တွေကတော့ ကမ္ဘာမှာ အလှဆုံးဆိုတဲ့ အပြုံးတွေနဲ့ ပျော်နေကျလေရဲ့။

မိုးရေတွေထဲ ကားတွေ ဆိုင်ကယ်တွေနဲ့ အမျိုးမျိုးသောလူတွေက လူးလာခေါက်တုန် သွားနေကျ ပေမယ့် သူကတော့ တဖြောင့်ဖြောင့်ကျနေတဲ့ မိုးရေစက်တွေကို ကော်ဖီဆိုင်ထဲကနေ စားပွဲပေါ် မှေးထောက်ကာ ခပ်တွေတွေ ငေးမောနေမိသည်။

ကော်ဖီဆိုင်ရဲ့ အရှေ့မြင်ကွင်းကို ငေးကြည့်နေရင်း မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုကြောင့် သူ့မျက်လုံးမှာ မျက်ရည်ကြည်တွေ ရစ်ဝဲသွားကာ နှုတ်ခမ်းပါးတွေထက်မှာပါ အပြုံးနုနုတွေ ဖြစ်ပေါ်သွားရပြန်သည်။

* မိုးရွာရင် လွမ်းလို့ သိပ်ကောင်းတာပဲ *

ကော်ဖီကို တငုံလောက်သောက်လိုက်ပီး အရှေ့က မြင်ကွင်းကို တဖန်ငေးကြည့်နေလိုက်သည်။
ထီးကိုယ်စီနဲ့ သွားလာနေဆဲ လူတွေက ဆိုင်ထဲက သူ့ကို သတိမမူမိကြသလို သူသည်လည်း ထိုလူတွေကို ငေးကြည့်နေခဲ့ခြင်းမဟုတ်။

ဘေးမှာချထားတဲ့ ဖုန်းက တဒီးဒီးနဲ့ ထမြည်တဲ့အခါ သက်မတချက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း ဖုန်း screen ကိို ပိတ်ချထားလိုက်ကာ ခပ်ဝါးဝါးသာရှိတော့တဲ့ ကော်ဖီဆိုင်ရဲ့ မှန်ပြတင်းပေါက်ကနေ မြင်ရတဲ့ မြင်ကွင်းကို ဆက်ကြည့်နေလိုက်သည်။

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now