အပိုင်း သုံး

146 13 2
                                    

နှောင်ကြိုးလေးတစ်မျှင်

အပိုင်းသုံး
˜˜˜˜˜˜˜˜

hyung ကျနော့်ကို ခေါ်တယ်ဆို

အင်း

ဘာလုပ်မို့လဲ မြေဆွနေတာမပီးသေးဘူးဗျ

အဲတာထားလိုက် မြေဩဇာသွားဝယ်

ကျနော်တစ်ယောက်ထဲလား

အေးပေါ့ဟ မင်းတစ်ယောက်ထဲ မသွားလို့ ဂျီမင်းကို ခေါ်သွားမို့လား

အင်း ခေါ်သွားမယ်

ဟမ် hyung က စကားအရပြောတာလေကွာ

ဂျောင်ဂုရဲ့ အချိန်မနှောင်းပဲ ဖြေချလိုက်တဲ့ အဖြေကြောင့် တွေးဆဆနဲ့ ခြံထဲက အလုပ်သမားတွေနဲ့ တူတူရှိနေသေးတဲ့ ဂျီမင်းကို ယွန်းဂီကြည့်နေလိုက်သည်။

ရတယ်မလား

နေတော့ပူပေမယ့် သူလိုက်ချင်ရင် ခေါ်သွားလေ

ကျေးဇူး

အင်း

ပြောပီးတာနဲ သူ့အပြောတောင် မစောင့်ပဲ လှည့်ထွက်သွားတဲ့ ညီဖြစ်သူကို ယွန်းဂီဘာမှ ဆက်မပြောတော့ပဲ ဖတ်လက်စ စာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။

အာဂျီမား

nae

ဒီမှာ အလုပ်လုပ်ရတာ ပျော်လား

ပျော်တာပေါ့ သူဌေးက စိတ်ကောင်းတယ်လေ

ဟုတ်လား

ဂျီမင်းရှီး

nae

လိုက်မလား

လိုက်မယ်

ဒါဆိုသွားမယ်လာတော့

ဘယ်သွားမှာလဲဆိုတာ တစ်ခွန်းတောင် မမေးပဲ လိုက်မလားဆိုတာနဲ့ လိုက်မယ်ဟု တန်းဖြေခဲ့သူ အသေးလေးက ကျနော့်အပေါ် ဘယ်လောက်တောင် ယုံကြည်နေခဲ့လဲ

* မဖြစ်သေးပါဘူး တခြားသူတွေနောက်ကို စစ်ဆေးမေးမြန်းပီးမှ လိုက်ဖို့ သင်ပေးရအုံးမှာပဲ *

ဂျောင်ဂုကီး စောင့်အုန်းလို့

ရှေ့ကနေ ခပ်မြန်မြန်သွားနေတဲ့ ဂျောင်ဂုနောက်ကို ထိုင်နေရာကနေ ဖုန်တွေ ဖုတ်ဖန့်ခါလိုက်ကာ ပြေးလိုက်သွားတဲ့ အသေးလုံးလေးကို အလုပ်သမားတွေရော ယွန်းဂီပါ ပြုံးပြုံးလေး ကြည့်နေတော့သည်။

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now