အပိုင်း ခြောက်

101 9 0
                                    

နှောင်ကြိုးလေးတစ်မျှင်

အပိုင်း ခြောက်
˜˜˜˜˜˜˜˜˜˜˜˜˜

အရက်တွေမသောက်နဲ့လို့ပြောနေတယ်လေ ရာဂျန်း

ရောက်လာပီလား
ဒီနားလာထိုင်လေ ဒီခေါင်မိုးထပ်က လေတိုက်တော့အရက်သောက်ရတာအဆင်ပြေတယ် အေးအေးလေးနဲ့

အာကာတခွင်ကောင်းကင်ယံမှာ သာနေတဲ့လကလေးရယ် မှိတ်တုတ်မှိတ်တုပ်ကြယ်ခလေးတွေနဲ့ တိုက်အောက်က လမ်းမီးတိုင်းလေးဟာ တစ်ယောက်မျက်နှာ တစ်ယောက်တွေ့နိုင်ရုံလောက်တော့ ထွန်းလင်းပေးနေသည်

ကီယောင်းနား နာတယ် ဒီရင်ဖတ်ထဲက အရမ်းနာတယ်

ဘာလို့လဲ

ငါနင့်ကိုမြင်တိုင်း ရင်ခုန်နေတယ်

........

တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်ဟာ ညအမှောင်မှာ ကြယ်ကလေးတွေသာရှိမနေရင် ဆုံးဆုံးပျောက်သွားတော့မယ် အခြေအနေပင်

ရာဂျန်းနား

ကီယောင်းနား

လေးထောင့် TV ပုံးလေးရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ကာ ကြည့်နေတယ် ဂျီမင်းဟာ ဇာတ်လမ်းထဲစိတ်ရောက်နေဟန်ပါပဲ ဘေးနားလာရပ်နေတဲ့ ဂျောင်ဂုကိုတောင် အာရုံမရစွာ ဇာတ်လမ်းထဲစီးမျောနေသည်။

ဂျာမန်း

nae

မကြည့်နဲ့တော့

မပီးသေးဘူး

ဆေးသောက်ပီး အိပ်ရအောင်

နေအုံးလို့ ဒီမှာ ကီ​ယောင်း ( မင်းသား ) နဲ့ ရာဂျန်း ( မင်းသမီး ) က ချစ်တော့မှာ ဒီတစ်ခန်းပီးရင် သူတို့ငြားလိမ့်မယ်

မျက်လုံးက TV မှာပဲကပ်နေကာ ပြန်ပြောလာသော ဂျာမန်းကို ဘယ်လိုလုပ်ရပါ့

သိနေပီးသားကို မကြည့်နဲ့တော့လေ

မင်း ဘာမှလဲ နားမလည်ဘူး

ကြည့်မှမကြည့်တာ ဆေးသောက်ရအောင်လို့

ပေးပေး

ဂျောင်ဂုလက်ထဲကဆေးနဲ့ နွားနို့တစ်ခွက်ကို လှည့်မကြည့်ပဲ လှမ်းတောင်းနေသူဟာ တကယ်ပဲ ဇာတ်လမ်းကို မျက်နှာမလွှဲနိုင်သေးပေ

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now