အပိုင်း နှစ်

195 20 0
                                    

နှောင်ကြိုးလေးတစ်မျှင်
˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜˜
အပိုင်းနှစ်
˜˜˜˜˜˜˜

တောမကျ မြို့မကျ ထိုနေရာမှာ လမ်းဘေးဝဲယာရှိ အလေ့ကျပေါက်ရောက်နေတဲ့ သစ်ပင် ပန်းမန်တွေနဲ့ အတော်ကို စိမ်းလန်းစိုပြေသည်။ ကြည့်လေရာ မြင်လေရာ နေရာတိုင်းမှာ အုံ့အုံ့ဆိုင်းဆိုင်း သစ်ပင်ကြီးတွေဟာ ပနံ့သင့်စွာ နေရာယူထားကျသည်။ ပန်းချီဆရာတွေ ရှုံးလောက်အောင် တောင်ပံနှစ်ဖက်ကို တဖျတ်ဖျတ်ခပ်ကာ အရောင်အမျိုးမျိုးနဲ့ အလှသွေးကြွယ်နေတဲ့ လိပ်ပြာငယ်လေးတွေကလည်း ပွင့်ချပ်လှလှလေးတွေ ပိုင််ဆိုင်ထားကျတဲ့ အရောင်စုံ ပန်းပွင့်လေးတွေဆီမှာ ပန်းဝတ်ရည်တွေ စုပ်ယူသိမ်းဆည်းနေပုံက အထာကျတဲ့ ကဗျာတစ်မျိုးပင်။

မကြာသေးခင်ကမှ မိုးရွာထားသည်မို့ သင်းပျံ့ပျံ့ မိုးရနံံ့တွေနဲ့ မြေဆီနံ့တွေဟာ ရှုရှိုက်ရသူအဖို့ စိတ်ချမ်းမြေ့ဖွယ်ရာအတိ။  လူနေအိမ်ခြေနည်းပီး စိုက်ခင်းတွေများတဲ့ ထိုနေရာဟာ နတ်ဖွက်ထားတဲ့ ကောင်းကင်ဘုံလို့ ပြောလို့ရလောက်တဲ့အထိ အလှအပများနဲ့ ပြည့်နက်နေသည်။

တောမကျ  မြို့မကျ နေရာဆိုပေမယ့် ထိုနေရာက လူအရောက်အပေါက် နည်းပုံရသည်။ မြို့နဲ့ မည်မျှလောက်မျှ မဝေးသော်ငြား ထိုနေရာတွင်ရှိသည့် အိမ်ခြေမှာ တစ်ရာပင် မပြည့်ပေ။

စိုက်ခင်း ကျယ်ကျယ်ကြီးတွေထဲမှာ အလုပ်သမားကိုယ်စီနဲ့ အိမ်ကြီးရှင်တွေဟာ သူ့ဟာနဲ့သူ အဆင်ပြေပြေရှိကျသည်။

ထိုနေရာရှိ စိုက်ခင်းတော်တော်များများမှာ စတော်ဘယ်ရီတွေသာဖြစ်သည်။ ဧကပေါင်းများစွာရှိတဲ့ စတော်ဘယ်ရီ စိုက်ခင်းကြီးရဲ့ ခပ်လှမ်းလှမ်း သစ်ပင်ကြီးတစ်ပင်အောက်မှာ dream bed ခင်းကာ စာဖတ်နေတဲ့ ထိုလူဟာ အိပ်နေတာလား စာဖတ်နေတာလား သိပ်တော့မသဲကွဲ။ စာအုပ်ကို မျက်နှာပေါ်တင်ပီး မျက်စိနှစ်လုံးမှိတ်ကာ စာကို စိတ်နှစ်ပီး ဖတ်နေတဲ့ ထိုလူဟာ အဆစ်အနေနဲ့ ဟောက်သံပိစိလေးတွေပါ ထွက်နေသည်။

ထိုလူဟာ တခြားသူတော့ မဟုတ် သကြားခဲလို ဖြူစွတ်နေတဲ့ အသားအရေပိုင်ရှင် တစ်မိုးအောက် တစ်ယောက်ဖွား မင်ယွန်းဂီပါပဲ။

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now