အပိုင်း လေး

118 13 0
                                    


နှောင်ကြိုးလေးတစ်မျှင်
အပိုင်းလေး
˜˜˜˜˜˜˜˜˜˜˜

နှောင်ကြိုးလေးဟာ တရစ်ရစ်နဲ့ မသိမသာချည်လာခဲ့သည်မှာ ခုဆိုရင် သူတို့ကိုယ်တိုင်တောင် မသိပဲ ခိုင်မှန်းမသိ ခိုင်နေခဲ့ပြီ။
တစ်ယောက်ကြောင့် တစ်ယောက်ဟာ ပြုံးရယ်နေခဲ့ရပီး တစ်ယောက်အတွက် တစ်ယောက်လည်း ပိုစိတ်ပူနေတတ်ပြန်ပီ။

ဂျာမန်း အိမ်ထဲမှာနေပါဆို

ပြုံးရုံသာ ပြန်ပြုံးပြတဲ့ ထိုကောင်လေးက အရင်ရက်တွေကထက် ပိုဖြူဖျော့နေသည်။ ဆွယ်တာ ညိုပုပ်ရောင်လေးနဲ့  ဒူးဖုံးရုံ ဘောင်းဘီအနီရောင်လေးကို ဝတ်ထားတဲ့ ထိုကောင်လေးက စိုက်ခင်းရဲ့ အဝင်ဝမှာ မလှုပ်မယှက်နဲ့ ငြိမ်ငြိမ်လေးရပ်နေသည်။ အင်္ကျီနဲ့ ဘောင်းဘီ အရောင်တွေက ဘယ်လိုမှ မအပ်စပ်ပေမယ့် ဝတ်ထားတဲ့ လူက ဂျီမင်းဖြစ်နေတာကြောင့် မလိုက်ဖက်တဲ့ တွဲစပ်မှုတွေတောင် လိုက်ဖက်လွန်းလှသည်ဟု ဆိုရမည်။

နေလဲ ကောင်းတာမဟုတ်ပဲနဲ့

အိမ်ထဲမှာ နေရတာပျင်းတယ်လို့

TV ကြည့်နေလေဗျာ ဂျာမန်း အကြိုက် အခွေတွေ ဝယ်ပေးထားတာပဲ

အကုန်ကြည့်ပီးပီီရယ်

ဒါဆို ခနနေ အပြင်ထွက်ရင် အသစ်ထပ်ဝယ်ခဲ့မယ်နော်

လုပ်လက်စ အလုပ်တွေကို ထားခဲ့ပီး လက်ကလက်အိတ်တွေကို ချွတ်ကာ ဂျီမင်းရှိရာကို ခြေလှမ်းကျဲကြီးတွေနဲ့ လာနေတဲ့ ဂျောင်ဂုရဲ့ မျက်နှာမှာ စိုးရိမ်စိတ်တွေ အပြည့်နဲ့ပင်

အပြင်မထွက်လာနဲ့ ညကလည်း မိုးတွေရွာထားတယ် အေးနေမှာကို နွေးနွေးထွေးထွေး မဝတ်ပြန်ဘူးလား

ပူနေတယ် ဂျောင်ဂုကီး

သူဆူနေတာကို အရင်လို ကျယ်ကျယ်လောင်လောင်မဟုတ်ပဲ တိုးလျလျ ပြန်ဖြေသံဟာ ဂျောင်ဂုကို ပိုစိတ်ပူစေသည်။

ဘယ်ကပူတာလဲ

တကိုယ်လုံးအရမ်းပူနေတယ်

ဆေးကြောင့်ဖြစ်မှာပါ ဆေးပြင်းတွေ သောက်ထားရတယ်လေ ကိုယ်ပူနေသေးလား စမ်းကြည့်မယ်

ချွတ်ထားတဲ့ လက်အိတ်နှစ်ဖက်ကို မြေကြီးပေါ် ပစ်ချလိုက်ပီး လက်ကိုလည်း သူ့အင်္ကျီတွေနဲ့ သုတ်ကာ ဂျီမင်းရဲ့ နှဖူးပေါ် အသာအယာ စမ်းကြည့်သည်။

နှောင်ကြိုးလေးတစ်မျှင်Where stories live. Discover now