part-18 (🚨15+)

16K 380 26
                                    

တိတ်ဆိတ်ငြိမ်သက်လျက်ရှိသောခြံ၀န်းကျယ်တစ်ခုရှေ့ ကားကို ကြမ်းတမ်းစွာဘရိတ်အုပ်လိုက်သည်။
သတိလက်လွတ်ဖြစ်နေတဲ့ရွက်စိမ်းဟာ ကားတံခါးနဲ့ ခုံကိုအလျင်မြန်ဆုပ်ကိုင်မိတာတောက် ရှေ့ကို ငိုက်စိုက်ကျဖြစ်အောင်ကျသွားသေးသည်။

စတွေ့ထဲက အခုထိ တစ်ခုမှညင်ညင်သာသာ မရှိသေး

"လာခဲ့"

ပြောတာသာနောက်ကျသွားခဲ့ပြီး ကားတံခါးကိုဖွင့်ဆွဲကာ အကြမ်းပတမ်းဆွဲခေါ်ချသည်။

"စဝ်ခွန်အောင် နင်လွှတ်စမ်း ငါမလိုက်ဘူး !!!!!!''

ခြံထဲရှိလူကုန် ခေါင်းထောင်ထလာကြသည်။မသိရင်မကြားဖူး မကြားအပ်သောနာမည်ကိုကြားလိုက်ရတဲ့အတိုင်း
ခြံတံခါးဖွင့်ပေးလာကြတော့ သူမလက်ကို မလွတ်တမ်းဆွဲကာ အိမ်ပေါ်အတင်းဆွဲခေါ်၏။
လက်ကောက်၀တ် အရာထင်လာသည့်အထိ ဖိကပ်ဆွဲယူကာ အနောက်ကနေ ရွက်စိမ်းဘယ်လိုအော်အော် လှည့်တောင်မကြည့်

"ရှင် လွှတ်လို့ပြောနေတယ်နော် ကျွန်မကိုအခုချက်ချင်းပြန်ပို့!!!!!!!'

လက်ကို စောင့်ဆွဲဖြုတ်ချပြီး ရွက်စိမ်းကပြေးရန်ကြိုးစားလိုက်သည်။ ဒါကို ခွန်က ဘောင်းဘီအိတ်ထဲလက်နှိုက်ရင်း ငေးစိုက်ကြည့်နေလိုက်သည်။

"ဖွင့်ပေး ဖွင့်ပေးကြပါ ကယ်ပါဦးရွက်စိမ်းကိုသွားခွင့်ပြုကြပါ......'"

လူသေကောင်လို ရပ်ကြည့်နေပြီး တုတ်တုတ်တောင်မလှုပ် ခြံစောင့် ၊မာလီ ၊စိုက်ခင်းဘက်ကလူမှန်သမျှ ရွက်စိမ်းဘာဖြစ်ဖြစ်  ဒီတိုင်းပဲကြည့်နေခဲ့ကာ

"သစ်ရွက်စိမ်း အရမ်းအကဲပိုမနေနဲ့ ပြောလို့ပြီးရင်ငါကိုယ်တိုင်ပြန်ပို့မယ်"

"ရှင့်ကိုမယုံဘူး ရှင်ကလူမဆန်တဲ့ကောင်
ဘာမှရှင်းပြပြောပြဖို့လည်းမရှိဘူး ၊ရှင်းချင်သပဆို Jay နဲ့ပဲရှင်းပေါ့"

"ငါ့မာနနဲ့ငါ့သိကာက မင်းအဲ့လိုအော်ဟစ်ပြောဆိုရတဲ့အထိ မနိမ့်ပါးသေးဘူး"

ဒေါကြီးမောကြီးနဲ့ပြောချလာပြီး ခြံစည်းရိုးအထပ်မြင့်ကြီးရှိရာဘက် ကပ်လျက်လေးရှိနေသော ရွက်စိမ်းကို ပခုံးပေါ်ဆြဲတင်ချီယူလိုက်သည်။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now