Chapter 5

259 45 6
                                    

Unicode

ချာလီချက်ပလင်နဲ့အတူချားလ်စ်စက်ရုံဆီသို့

ရထားရုံကပြန်ထွက်လာပြီးနောက်ပိုင်းတွင်ဂျီမင်းအတွေးများစွာဖြင့်ရထားလုံးရှိရာသို့ပြန်လာခဲ့လေသည်။
၂၀ရာစုတွင်ပျောက်ဆုံးခဲ့သောသမိုင်းကြောင်းဆိုပေမယ့်ယခုချိန်ထိမူမမှန်တာမတွေ့ရသေးပေ။

မူမမှန်တာဆိုလို့ဝိန်းပဲရှိသည်။
ဝိန်းရဲ့အကြည့်တွေကိုတစ်ခါတစ်လေနားမလည်နိုင်ပါ။
မျက်ဝန်းတွေကတံခါးပေါက်လို့ပြောကြပေမယ့်ဝိန်းရဲ့ကြယ်တာရာမျက်ဝန်းတွေထဲမှာအရောင်အသွေးမျိုးစုံတွေ့နေရသည်။တစ်နည်းဆိုရလျှင်ထိုလျှို့ဝှက်ချက်များကိုဖမ်းမိနိုင်ဖို့နည်းလမ်းကိုမမြင်...။

"နောက်ကျနေပြီ
ဝီလီယမ်ကိုရှာ...!"

"ဟမ် ဟမ် ဘယ်ကဝီလီယမ်လဲ"

ယောင်တောင်ကမ်းတမ်းဖြင့်နားထဲကြားလာတဲ့အသံရဲ့မေးခွန်းကိုပြန်ဖြေလိုက်တော့ဘေးပတ်ဝန်းကျင်ကလူတစ်ချို့ကသူ့ကိုရှုံ့မဲ့ကာကြည့်သွားကြလေသည်။
ထိုအုပ်စုကအသက်ခပ်ကြီးကြီးမိန်းမကြီးများဖြစ်ကြသည်မို့ဂျီမင်းအဖက်မလုပ်ဘဲနေလိုက်တော့သည်။
ကြည့်ရတာ၂၀ရာစုရဲ့ရှေးဟောင်းCCTVတွေနဲ့တူပါတယ်။

အသံကအရင်ကကြားနေကျစာအုပ်ရဲ့အသံနှင့်တူသည်။
သူကပဲတုံးလွန်းတာလားမသိ။
စာအုပ်ကတစ်ခွန်းစီပြောတိုင်းမှာနားမလည်ပါ။
ဂြိုလ်သားစကားတွေပါလာပြောနေသည်ထင်ရလောက်အောင်ပင်ထူးခြားဆန်းကြယ်သောစကားများကိုလည်းပြောတတ်သေးသည်။

ခြေလှမ်းများကရထားလုံးအနီးသို့တဖြည်းဖြည်းချင်းရောက်လာလေသည်။
အသင့်စောင့်နေသောရထားလုံးမောင်းသမားကလည်းတံခါးကိုဖွင့်ကာဦးညွှတ်ပြသည်။

"မစ္စတာဖီးလီးယက်စ် ကြွပါ"

"မလိုက်တော့ဘူး"

"ခင်ဗျာ.."

"ရထားလုံးနဲ့မလိုက်တော့ဘူးလို့
လမ်းလျှောက်ပြီးပဲပြန်တော့မယ်"

"ဒါပေမယ့်မစ္စတာဝိန်းကကျွန်တော့်ကိုမှာထားတယ်ဗျာ့
မစ္စတာဖီးလီးယက်စ်ကရထားလုံးနဲ့ပဲပြန်ရပါမယ်တဲ့"

Two Men In One Look (Completed)Where stories live. Discover now