Part - 1

3.3K 77 1
                                    

Uni_code

'' အလှနတ်ဘုရား ဂျွန်စေရာ "

ကောလိပ်ရဲ့ home page မှာနှစ်စဉ်တွေ့နေကျရိုးအီမသွားတဲ့ စာပိုဒ်လေးတစ်ခု။​

ကောလိပ်ရဲ့အစဥ်အလာအရ စာသင်နှစ်တစ်ခုစတာနဲ့မေဂျာအသီးသီးကသူတို့မေဂျာထဲက အလှဆုံးဆိုပြီးကျောင်းသားအားလုံးလက်ခံတဲ့ King or Queen ဝင်ပြိုင်မဲ့သူတွေကိုရွေးထုတ်ပေးကြသည်။

ယခုလဲစီးပွားရေးရဲ့ မေဂျာခွဲတစ်ခုဖြစ်တဲ့ BPA မှ စီးပွားရေးမေဂျာတစ်ခုလုံးရဲ့ မေဂျာ King အဖြစ်ဝင်ပြိုင်ရန် ဂျွန်စေရာ့ အားရွေးခြယ်မဲပေးခဲ့ကြခြင်းပင်။

ထိုသည်မှာအခြားမေဂျာခွဲများမှ ရွေးခြယ်သူများနှင့် King နေရာပြိုင်ရမည်ဖြစ်ကာ အခြားမေဂျာခွဲများကလည်း မိမိမေဂျာ မှ မေဂျာတစ်ခုလုံးKing ဖြစ်စေရန် မဲစွယ်နေကြပြီဖြစ်သည်။

သို့သော်သုံးနှစ်ဆက်တိုက် အလှနတ်ဘုရား အား မည်သူယှဥ်နိုင်မည်နည်း။

လေးထောင့်မကျတကျမျက်လုံးနဲ့ ပင်လယ်ကြည်လိုမျက်စံလေးတွေကညှို့ယူအားကောင်းလိုက်ပုံကကြည့်မိတဲ့သူမှာ တစ်ခါခုန်ဆင်းမိတာနဲ့ပြန်ရုန်းမထွက်လာနိုင်တဲ့အထိ။

နှာခေါင်းလုံးလုံးနဲ့ နီဆွေးဆွေးနှုတ်ခမ်းတစ်စုံက ပုရိသတွေတောင်မှ ခစား​​စေ ဖို့လုံလောက်တယ်။

ဂျွန်စေရာ့အပြုံးကိုမြင်လိုက်တဲ့သူအဖို့ကတော့ အဲ့နေ့အတွက်ရက်ရာဇာ ။

ဤသို့ပြီးပြည့်စုံတဲ့လူသားဟာ အလှနတ်ဘုရားဟု တင်စားပြီး သိကြသည်မှာမဆန်း။

နွေရဲ့အပူကိုအံတုနေတဲ့ ငုဝါပင်ကြီးရဲ့ အရိပ်နဲ့အလှကိုမှီကိုးနေတဲ့ မန်းတလေး စီးပွားရေး ကောလိပ်ရဲ့ အဝင်လမ်းမှာ စကားဆူစွာပြောရင်း သက်ဆိုင်ရာမေဂျာကိုသွားနေတဲ့ ကောလိပ်ကျောင်းသား/သူ အုပ်စုသည် ပတ်ဝန်းကျင်ကိုဂရုစိုက်ခြင်းအလျင်းမရှိဘဲ
လွတ်လပ်စွာ ကောလိပ်ကျောင်းသားဘဝကိုခံစားနေသယောင် ။

Perfect Crime Where stories live. Discover now