Part - 5

780 44 1
                                    

Unicode

– ​ ချစ်ခွင့်ပန်ခံရခြင်း –

ဂျွန်းေစရာ ရုတ်ချည်းဆိုသလိုငြိမ်သက်သွားမိသည်။အခုတော့သူ့ကိုလေးလကျော်ငါးလနီးပါး လိုက်နေသောသူဆီမှချစ်ခွင့်ပန်ခံရပြီပင်။

အဝါရောင်စာရွက်ခေါက် အနီရင့်ရောင်နှင်းဆီ
ကို သွေးကြောစိမ်းများပေါ်နေသော လက်ချောင်းသွယ်များကကိုင်ထားသည်။
ထိုလက်တစ်စုံဉီးတည်ထားသည်ကတော့သူ့ဆီသာ။ထို့နောက် မထူမပါး နှုတ်ခမ်းတစ်စုံမှ စကားလုံးများသည်အစီအရီထွက်ပေါ်လာသည်။

"ဂျွန်စေရာ ကျွန်တော်ခင်ဗျားကိုချစ်တယ်။
နွေရာသီမှာ ဖရဲသီးချိုချိုလေး၊
မိုးရာသီမှာ ထီးတစ်လက်နဲ
ဆောင်းရာသီမှာ ကော်ဖီပူပူလေးတစ်ခွက်
နဲ့အတူ အနားနားမှာရှိနေပေးမှာမလို့
ကရမက်ဆိုတဲ့ ကျွန်တော့်ကိုပြန်ချစ်ပေးပါ ။ "

"မင်းကကောင်လေးတစ်ယောက်လား? "

ဟုတ်တယ်လေ။ သူလုံးဝမထင်ထားခဲ့တာ။
သူ့မှာတော့ nickname လှလှလေးတွေပေးပြီးသူ့ကိုတောင်ကိုကိုလို့ခေါ်ခိုင်းမယ် တွေးထားတာလေ။ဒါကြီးကလွန်တာပေါ့။ပထမဆုံးအကြိမ် စမ်းတဲွဲကြည့်မယ်တွေးထားပြီးသားတစ်ယောက်က ကောင်လေးတစ်ယောက်ဖြစ်နေတာ သူ့အတွက်တော့အဆင်မပြေဘူး။
ဘာလို့ဆိုသူကအဖြောင့်လေ။

"ဂျွန်စေရာ ဘယ်လိုထင်လဲ"

"ဟုတ်ပြီ မင်းကကောင်လေးပါ
ဒါပေမဲ့ ငါ့ကို စဣူခေါက်တွေလာပေးတဲ့ တစ်ယောက်ကိုကောင်လေးလို့မထင်ထားမိတာအမှန်ဘဲ ။"

ထိုစဥ်သူ့မျက်နှာပေါ်ရောက်လာတဲ့လက်နှစ်ဖက်။တစ်ပြိုင်နက်သူ့ခေါင်းလေးလည်းဆဲွဲ​ြပီးလှည့်​ြခ​င်းခံလိုက်ရသည်။

"ဂျွန်စေရာ ကျွန်တော့်ကိုကြည့် "

သူ့မျက်လုံးတွေကအလိုလို အရောင်တောက်တောက်နဲ့ ညှို့အားပြင်းသော မျက်ဝန်းတစ်စုံအားကြည့်မိပြီးသားဖြစ်သွားသည်။

"ဂျွန်စေရာ့အနေနဲ့  စာတွေပို့နေကျတစ်ယောက် ဂျွန်စေရာ့ကိုသဘောကျနေတဲ့တစ်ယောက် ကိုကြည့်တယ်လို့ပဲသဘောထားပေး ပြီးရင်ပြော
ဂျွန်​ေစရာ ကျွန်တော်နဲ့တဲွဲ​ြကည့်ပေးနိုင်မလားဆိုတာကို "

Perfect Crime Waar verhalen tot leven komen. Ontdek het nu