Part - 4

927 44 0
                                    

Unicode

"ဇာတ်လိုက်"

"ကိုးဆယ့် တစ်..

ကိုးဆယ့် နှစ်..

ကိုးဆယ့် သံုး..

ကိုးဆယ့် လေး..

ကိုးဆယ့် ငါး..

ကိုးဆယ့် ခြောက်..

ကိုးဆယ့် ခုနှစ်..

အင်း နောက်ဆုံးတစ်ခု ကိုးဆယ့် ရှစ်.. "

ဖန်ဘူးထဲက စဣူ ကြယ်လေးတွေကို ရေတွက်နေတဲ့အသံတစ်ခုက အခန်းထဲက လေထုထဲမှာနေရာယူနေတယ်။ဂျွန်စေရာတစ်ယောက်သဘောတကျပင် စာရွက်ခေါက်လေးတွင် ချစ်ကြောင်းဝန်ခံစာရေးပြီး ဆက်တိုက်ပို့သည့်အချိန်မှစပြီး ထိုစာရွက်လေးများကိုကြယ်ပုံခေါက်ပြီးဖန်ဘူးထဲစုပြီးသိမ်းထားမိသည်။

ဇွဲဘယ်လောက်ကောင်းလဲသိချင်ရုံပင်။

အခုတစ်ရာပြည့်လျှင် လက်ခံပေးဖို့တွေးထားတာက ကလေးဆန်ပေမယ့် အခွင့်အရေးပေးကြည့်မည်ဟုတွေးထားခြင်းကြောင့်ပင်။ဖြစ်ချင်တော့ ကိုးဆယ့်ရှစ်ခုတောင်ပြည့်နေပြီး တစ်ရာပြည့်ဖို့နှစ်ခုသာလိုတော့သည်ပင်။တစ်ခါတစ်လေတော့လည်း ရုပ်လေးဖြစ်ဖြစ် မြင်ဖူးချင်စိတ်ပေါ်သား။ထိုလူသားက ရုပ်ပြဖို့အစီစဥ်မရှိတာတော့မဖြစ်နိုင်။ထို့ကြောင့် သူပေါ်လာမှကြည့်ရတော့မည်ပင်။

ထို့နောက် ဖန်ဘူးလေးအား ပြန်ပိတ်ပြီး အိပ်ရာနံဘေးမှ ဗီဒိုလေးထဲ ​ြပ​န်ထည့်ထားလိုက်သည်။အမှောင်ကို သဘောမကျတာကြောင့် မီးမပိတ်ဘဲသာ အိပ်စက်ခြင်းကို ဉီးတည်ခဲ့သည်။ည လေညင်းလေးများသည် နူးညံနေပါသော ဆံနွယ်ကွေးကွေးလေးများအား တိုက်ခတ်သောကြောင့် လေနှင့်အတူ တစ်ချက်တစ်ချက် လွင့်သွားသည်။ထို့နောက်အိပ်စက်ခြင်းသို့။

....

တစ်ဖက်တွင်လည်း စဣူလေးတွင် ရေးနေကျဖြစ်သော စာတိုတစ်ကြောင်းအားရေးနေကာ နှုတ်ခမ်းပါးများကော့တက်သွားသော လူငယ်တစ်ယောက်။ပြတင်းပေါက်နားတွင် ထိုင်နေကာ လရဲ့အလင်းရောင်ကိုသာ ထားရှိထားသည်။အခန်းတစ်ခုလုံးတွင်လည်း အနက်ရောင်နှင့်သာ ထားရှိထားသည်။ ခပ်သွယ်သွယ်လက်ချောင်းများမှ အကြောစိမ်းများရောယှက်နေသော လက်တစ်ဖက်သည် ဂုတ်ထောက်သည်ထိရှည်နေသည့်ဆံပင်အား အနောက်သို့ လှန်သတ်လိုက်သည်။အသားရေသည်ကြည်လင်နေပြီး အနက်ရောင်ဆံပင်နှင့် ပဏာသင့်နေပါ​သေးသည်။
မျက်လုံးတောက်တောက်များတွင် ရွှင်မြူးရိပ်များသန်းနေပါသေးသည်။

Perfect Crime Where stories live. Discover now