Part - 2

1.3K 63 1
                                    


Uni-code

"ဂျွန်စေရာ က တန်းငြင်းတာ!”

"ကျွန်တော် စီနီယာ့ကို သဘောကျတယ်”

တစ်ခန်းလုံးသည် အပ်ကျသံပင်ကြားနိုင်လောက်တဲ့အထိ တိတ်ဆိတ်သွားသည်။

ဘာဆက်ဖြစ်မလဲဟူ၍ ပွဲကြီးပွဲကောင်းကို အလွတ်မခံနိုင်သကဲ့သို့ အာရုံစိုက်နေကြသည်ဆိုပို၍မှန်ပေမည်။

သို့တော် ချစ်ကြောင်းပြောနေသူကော
ချစ်ကြောင်းဝန်ခံခြင်းခံရသူကောကတော့
ထိုသူများအားအာရုံထဲရှိပုံမရ။

ဂျွန်စေရာလေးခမျာတော့ အနှီလူသားစကားအား မည်သို့တုံ့ပြန်ရမည်မသိပင်ဖြစ်နေသည်။

လူအများရှေ့တွင်ဆိုတော့ ငြင်းလျှင်လည်းရှက်သွားမှာကြောက်ရသေးသည်။

သို့သော်စဥ်းစားမည်ပြောလည်း အချိန်စောင့်ခိုင်းပြီးမျှော်လင့်ချက်ပေးသလိုဖြစ်မည်လည်းစိုးရပြန်သည်။

ထို့နောက်အသင့်တော်ဆုံးထင်တဲ့တစ်ခုကိုလုပ်လိုက်မိသည်။

"အာ..တစ်ခေတ်ယံရေ ပရော်ဖက်ဆာ ဝင်တော့မှာ မလို့ အကိုတို့ အတန်းပြီးမှ အေးဆေးစကားဆက်ပြောကြမလား "

အဖြေစောင့်နေတဲ့တစ်ခေတ်ယံကတော့ အဖြေတန်းမရလို့ဝမ်းနည်းမိသော်လည်း အခုအခြေနေမှာ စီနီယာမှ တန်းမငြင်းတဲ့အတွက် စဉ်းစားပေးသည့်သဘောရောက်တဲ့အတွက်မျှော်လင့်ချက် ရောင်ခြည်လေးဖြာသောကြောင့် အလျှင်အမြန်ပင် ခေါင်းနှစ်ခါဆက်တိုက်ငြိမ့်ကာ မဝင့်မရဲနဲ့အားတင်းပြီး ခေါင်းငုံ့လျှက်ပင်စကားဆိုမိသည်။

"ဟုတ်ကဲ့ပါစီနီယာ အဲ့တာဆို ကျွန်တော်အတန်းပြီးရင် ကျောင်းရှေ့က ငုဝါပင်ကြီးအောက်စောင့်နေပါ့မယ်ဗျ စီနီယာ လာခဲ့ပေးပါနော် "

ဂျွန်စေရာလည်း သူ့စကားကြားပြီး တုံ့ပြန်စကားဆိုကာ သူ့အားတွေ့ဖို့ပြောလာသည့်ကောင်လေးကို လက်ခံလိုက်သည်။

Perfect Crime Where stories live. Discover now